ဂျူဗီ-ဒိုင်နမိုကိဗ် ပွဲစဉ်ကို ကိုင်တွယ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
Pyae Phyo Thein

ပြင်သစ်လူမျိုးဖြစ်တဲ့ ဖရာပတ်ဟာ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ်ကစားခဲ့တဲ့ အမေရိကန် နဲ့ နယ်သာလန်ပွဲကိုလည်း ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူးပွဲတွေကို ပထမဆုံးအကြိမ် ကိုင်တွယ်ခွင့်ရှိခဲ့တဲ့ အမျိုးသမီးဒိုင်ဖြစ်လာခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေမှာတော့ ပြိုင်ပွဲသမိုင်းတလျှောက် မှတ်တမ်းဝင်လာမယ့် အကြောင်းအရာတစ်ခုကတော့ ရှိလာခဲ့ပါပြီ။ အမျိုးသမီးကွင်းလယ်ဒိုင်တစ်ဦးဖြစ်တဲ့ စတီဖန်နီဖရာပတ်ဟာ ဂျူဗင်တပ်စ်နဲ့ ဒိုင်နမိုကိဗ်တို့ ကစားမယ့်ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး ဒါဟာ အမျိုးသမီးဒိုင်တစ်ဦးက ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပွဲတစ်ပွဲကို တာဝန်ယူမှာလည်းဖြစ်ပါတယ်။ 

စပိန်သတင်းစာ AS ရဲ့ ဖော်ပြချက်အရ ဖရာပတ်ဟာ ၂၀၁၉ ခုနှစ်အတွင်းကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ဥရောပစူပါဖလားပွဲကိုလည်း ကိုင်တွယ်ခဲ့ဖူးပြီး ပွဲကြီးအတွေ့အကြုံရှိသူဖြစ်ပါတယ်။ အမျိုးသမီးကွင်းလယ်ဒိုင်လူကြီးရဲ့ အခန်းကဏ္ဍဟာ အမျိုးသားဘောလုံးပွဲတွေမှာ တစထက်တစပိုမိုနေရာယူလာခဲ့ပြီဖြစ်ပါတယ်။ 

၂၀၀၄ ကနေ ၂၀၀၉ ခုနှစ်အတွင်းမှာ ဆွစ်ဇာလန်ဒိုင် နီကိုလီက ယူအီးအက်ဖ်အေဖလားခြေစစ်ပွဲအဆင့်ပွဲတွေကို တာဝန်ယူခဲ့ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်လက်အောက်က အမျိုးသားပွဲစဉ်တွေကို ပထမဆုံးကိုင်တွယ်ခဲ့တဲ့ အမျိုးသမီးဒိုင်ဖြစ်ခဲ့ပါတယ်။

ပြင်သစ်လူမျိုးဖြစ်တဲ့ ဖရာပတ်ဟာ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ်ကစားခဲ့တဲ့ အမေရိကန် နဲ့ နယ်သာလန်ပွဲကိုလည်း ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူးပွဲတွေကို ပထမဆုံးအကြိမ် ကိုင်တွယ်ခွင့်ရှိခဲ့တဲ့ အမျိုးသမီးဒိုင်ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ချန်ပီယံလိဂ်လို ပွဲစဉ်မျိုးကို ကိုင်တွယ်ဖို့အတွက် တာဝန်ပေးအပ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

သူမအနေနဲ့ ဒီပွဲမှာတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တဲ့ ရော်နယ်ဒိုအပါအဝင် နာမည်ကျော်ကစားသမားတွေကို ထိန်းသိမ်းကိုင်တွယ်ရတော့မှာလည်းဖြစ်ပါတယ်။ ဖရာပတ်အတွက်တော့ တကယ်ကိုရှားပါးတဲ့ အခွင့်အရေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး သူမရဲ့ ဒိုင်လူကြီးဘဝမှာ မှတ်တမ်းသစ်ရေးထိုးရမယ့် ပွဲစဉ်တစ်ပွဲအဖြစ်နဲ့လည်း ရှိနေခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က