အုပ်စုနောက်ဆုံးပွဲက အမှားခံလို့မရတော့ပါဘူး။

အိမ်ကွင်းမှာအရေးနိမ့်ထားခဲ့တဲ့ ယူကရိန်းကလပ်ကို အဝေးကွင်းမှာနှစ်ဂိုးပြတ်နဲ့ ထပ်မံရှုံးနိမ့်ခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရဖို့တောင် ရင်မနေတော့မှာဖြစ်ပါတယ်။ 


မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ရှက်တာဒိုးနတ်ကို အရေးနိမ့်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ ဒီရာသီဥရောပချန်ပီယံလိဂ်ခရီးဟာ အုပ်စုအဆင့်မှာတင် နိဠိတံဖို့ရှိလာခဲ့ပြီဖြစ်ပါတယ်။ အိမ်ကွင်းမှာအရေးနိမ့်ထားခဲ့တဲ့ ယူကရိန်းကလပ်ကို အဝေးကွင်းမှာနှစ်ဂိုးပြတ်နဲ့ ထပ်မံရှုံးနိမ့်ခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရဖို့တောင် ရင်မနေတော့မှာဖြစ်ပါတယ်။ 



ဇီဒန်းအနေနဲ့ လာလီဂါမှာ အလာဗက်စ်ကိုလည်း အိမ်ကွင်းမှာ အရေးနိမ့်ထားခဲ့ပြီး ဒီပွဲကိုဖိအားတွေနဲ့ ကစားခဲ့ရပါတယ်။ ရှက်တာဒိုးနတ်အတွက်ကလည်း မဖြစ်မနေအနိုင်ကစားရဖို့ လိုအပ်နေတာကြောင့် အိမ်ကွင်းမှာ ဖိဖိစီးစီးကစားခဲ့ပြီး ရီးရဲလ်ကို အခွင့်အရေးလုံးဝမပေးရအောင် သတိထားကစားခဲ့ပြီး အိမ်ကွင်းမှာ အနိုင်ယူကာ နောက်တဆင့်အတွက် မျှော်လင့်ချက်ရှိခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆက်တိုက်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဇီဒန်းအတွက်တော့ အုပ်စုအဆင့်ကနေ ထွက်ခွာရမယ့်အနေအထားမျိုးနဲ့ ကြုံကြိုက်နေရတာက မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။ အသင်းတွင်းလိုအပ်ချက်တွေ အများကြီးရှိနေတယ်ဆိုတာ ပိုမိုသိသာခဲ့သလို သက်ကြီးကစားသမားတွေကို အားကိုးနေရမှုက ပွဲကျပ်ကာလမှာ အသင်းရလဒ်ကိုပါ ထိခိုက်လာစေခဲ့ပါတယ်။ 

ရော်နယ်ဒိုနေရာကို အခုချိန်ထိ အစားမထိုးနိုင်ခဲ့မှု၊ မိုဒရစ်နေရာအတွက် အသင့်အသုံးပြုရလို့ရမယ့် ကစားသမားကို မခေါ်ယူခဲ့မှု၊ ဘန်ဇီမာတစ်ဦးတည်းကို အားကိုးနေခဲ့တဲ့ တိုက်စစ်ပိုင်းတွေကြောင့် ရီးရဲလ်တို့ အခက်တွေ့နေရတာလည်းဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲကိုသာ ထပ်ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ယူရိုပါလိဂ်ဝင်ခွင့်တောင်မရဘဲ သူတို့အနေနဲ့ ပြည်တွင်းပွဲတွေကိုသာ ကစားရဖို့ကလည်း ရှိလာခဲ့ပါပြီ။

အုပ်စုတွင်းမှာ ဂလာဘတ်က ၈ မှတ်၊ ရှက်တာနဲ့ ရီးရဲလ်က ၇ မှတ်စီရရှိထားကာ အင်တာက ၅ မှတ်ရရှိထားပါတယ်။ နောက်ဆုံးပွဲတွေအဖြစ် ရီးရဲလ်က ဂလာဘတ်၊ အင်တာက ရှက်တာတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လေးသင်းလုံးမျှော်လင့်ချက်ရှိနေပါတယ်။ တကယ်လို့သာ ရီးရဲလ်တို့ အရေးနိမ့်ခဲ့ပြီး တစ်ဖက်မှာ အင်တာက အနိုင်ရမယ်ဆိုရင် ရီးရဲလ်ဟာ အုပ်စုအောက်ဆုံးနေရာကို ရောက်ရှိသွားမှာဖြစ်ပြီး ဥရောပဘောလုံးရာသီကို စောစောစီးစီး လက်ပြနှုတ်ဆက်ရမှာလည်းဖြစ်ပါတယ်။ 



က္က