အသက် ၃၅ နှစ်အရွယ်မှာမှ ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာပါ။

ဒီဆုဟာ အစဉ်အလာနဲ့ ဂုဏ်သိက္ခာပိုင်းမှာ အခြားသောနာမည်ကျော်ဆုတွေလောက် ထင်ရှားမှုမရှိပေမယ့်လည်း အတိုင်းအတာတစ်ခုအနေနဲ့တော့ ဂုဏ်ယူဖွယ်ဆုတစ်ခုဖြစ်ပါတယ်။ 


ဂျူဗင်တပ်စ်အသင်းရဲ့ တိုုက်စစ်မှူးရော်နယ်ဒိုဟာ ၂၀၂၀ ခုနှစ်အတွက် ရွှေခြေထောက်ဆုကို ဆွတ်ခူးသွားခဲ့ပြီဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်က စတင်ကာပေးအပ်ခဲ့တဲ့ ဒီဆုဟာ အစဉ်အလာနဲ့ ဂုဏ်သိက္ခာပိုင်းမှာ အခြားသောနာမည်ကျော်ဆုတွေလောက် ထင်ရှားမှုမရှိပေမယ့်လည်း အတိုင်းအတာတစ်ခုအနေနဲ့တော့ ဂုဏ်ယူဖွယ်ဆုတစ်ခုဖြစ်ပါတယ်။ 



လက်ရှိကစားနေဆဲ ကစားသမားတွေထဲက အသက် ၂၈ နဲ့အထက်ကစားသမားတွေကိုသာ ရွေးချယ်ပေးအပ်တဲ့ဆုဖြစ်တယ်လို့လည်း သိရပါတယ်။ ကမ္ဘာတဝှမ်းက ဂျာနယ်လစ်တွေရဲ့ ရွေးချယ်မှုနဲ့ ဆန်ခါတင်ကစားသမား ၁ဝဦးကို ရွေးချယ်ကာ အွန်လိုင်းကတဆင့် ပရိသတ်တွေရဲ့ ဆန္ဒမဲပေးမှုနဲ့ ဆုရရှိသူကို ရွေးချယ်တာဖြစ်ပြီး ရော်နယ်ဒိုက ဒီနှစ်အတွက် ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒီနှစ်အတွက် ဆန်ခါတင်အဆင့်မှာ နေမာ၊ လီဝန်ဒေါစကီး နဲ့ ဆာလာတို့လည်း ပါဝင်ခဲ့ပြီး အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုက ရရှိခဲ့တာဖြစ်ပါတယ်။ ဆုရရှိတဲ့ ကစားသမားရဲ့ ခြေရာကို ရယူကာ ရွှေအစစ်နဲ့ ပုံသွန်းလောင်းပြီးတော့ ဆုအဖြစ်ပေးအပ်ကာ တမူထူးခြားတဲ့ ဆုတံဆိပ်ပုံသဏ္ဍာန်ကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ ဆုရရှိသူဟာ ၎င်းတို့ရဲ့ ခြေရာကို ပုံလောင်းဖို့အတွက် မိုနာကိုက ကမ်းခြေမှာရှိတဲ့ ချန်ပီယံများလျှောက်လမ်းကို ဖိတ်ခေါ်ခြင်းခံရမှာဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်ကစတင်ကာ ဒီဆုကို ရရှိခဲ့သူတွေအဖြစ် ဘက်ဂီယို၊ နက်ဗက်၊ ရှက်ချန်ကို၊ ရော်နယ်ဒို (ဒိုကြီး)၊ ဒယ်လ်ပီယာရို၊ ကားလို့စ်၊ ရော်နယ်ဒင်ဟို၊ တော့တီ၊ ရွိုင်ယန်ဂစ်၊ ဇလာတန်၊ ဒရော့ဘာ၊ အင်နီယေစတာ၊ အီတူး၊ ဘတ်ဖွန်၊ ကာဆီးလက်စ်၊ ကာဗာနီ၊ မိုဒရစ်တို့ဖြစ်ပြီး ရော်နယ်ဒိုက နောက်ဆုံးဆွတ်ခူးသူဖြစ်လာခဲ့ကာ ဆုရရှိချိန်မှာတော့ ဇလာတန်၊ ကာဗာနီ၊ မိုဒရစ်တို့ရရှိချိန်က အသက်အရွယ်ထက် ပိုမိုကြီးမြင့်နေခဲ့ပါတယ်။

ထူးခြားမှုအနေနဲ့တော့ ဒီဆုကို ဘာစီလိုနာတိုက်စစ်မှူးမက်ဆီက ရရှိဖူးခြင်းမရှိသေးတာပဲဖြစ်ပါတယ်။ မက်ဆီနဲ့ ခေတ်ပြိုင်ကစားသမားဖြစ်တဲ့ ရော်နယ်ဒိုတောင်မှ ၂၀၂၀ ပြည့်နှစ်ရောက်မှသာ ရရှိခဲ့တာဖြစ်လို့ ဒီဆုကိုရွေးချယ်ပေးတဲ့ ဂျာနယ်လစ်တွေနဲ့ ပရိသတ်တွေရဲ့ မဲပေးမှုတွေက ညီညွှတ်မျှတတယ်လို့ ယူဆရကြောင်း Give Me Sport က ဖော်ပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က