ပထမဆုံး ပွဲထွက်ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ ပေးဂိုးမရှိဂိုးသမား ဖြစ်လာပါတယ်။

အသက် ၂၂နှစ်သာရှိသေးတဲ့ လူငယ်ဂိုးသမားလေး ကယ်လီဟယ်ကို ပွဲထုတ်ခဲ့တာနဲ့ပတ်သက်ပြီး သူ့ရဲ့ ယုံကြည်မှု နဲ့ဆုံးဖြတ်ချက်တွေကို အေဂျက်နဲ့ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က ထုတ်ဖော်ပြောခဲ့ပါတယ်။

လီဗာပူးအသင်းက အေဂျက်အသင်းကို ၁-၀ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဥ်မှာ အကောင်းဆုံး လက်စွမ်း ပြသသွားနိုင်ခဲ့တဲ့ ဂိုးသမား ကယ်လီဟာကို နည်းပြ ကလော့ပ်က ချီးကျူးခဲ့ပါတယ်။



ပုံမှန်ပွဲထွက်နေကျ ပထမဦးစားပေးဂိုးသမား အယ်လီဆန် တံကောက်ကြော ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တာ ‌‌ကြောင့် ကယ်လီဟာဟာ လီဗာပူးအသင်းအတွက် ပွဲထွက်ခဲ့ရပြီး ပထမဆုံး ပွဲမှာပဲ ‌ပေးဂိုးမရှိ မှတ်တမ်းကောင်းကို ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်အဖွင့်ပွဲမှာ ပေးဂိုးမရှိတဲ့ အသင်းရဲ့ ဒုတိယမြောက် ဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါပြီ။

အသက် ၂၂နှစ်အရွယ်သာ ရှိသေးတဲ့ ကယ်လီဟာအနေနဲ့ ပွဲချိန်အတွင်းအင်းအတွက် အရေးပါတဲ့ ဂိုးပေါက်ကာ ကွယ်မှု ၄ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အယ်လီဆန်မပါဝင်နိုင်ချိန် အဆင်သင့်အမြဲရှိနေတဲ့ အန်ဒရီယန်ကို မသုံးပဲ ကယ်လီဟာကို အသုံး ပြုခဲ့တဲ့အပေါ်မှာတော့ မေးခွန်းအနည်းငယ် ရှိနေခဲ့ပါတယ်။

“ကယ်လီဟယ်ကို အသုံးပြုဖို့ စဥ်းစားရတာ အရမ်းလွယ်ကူပါတယ်။ဘာလို့လဲဆိုတော့ သူက ထိုက်တန်သူ ဖြစ်လို့ ပါ။ဒါပေမယ့် အန်ဒရီယန်ကို ဆန့်ကျင်ပြီး ရွေးဖို့အတွက်တော့ ခက်ခဲခဲ့ပါတယ်။အန်ဒရီယန်က မနှစ်က အသင်းအ တွက် ဘယ်လောက်တောင်စွမ်းဆောင်ပေးခဲ့လဲဆိုတာ ပြောနေစရာမလိုပါဘူး။ဒါပေမယ့်လည်း ကျွန်တော့်အနေနဲ့ ကယ်လီဟယ်ရဲ့ လုပ်ရည်ကိုင်ရည်ကိုလည်း လိုအပ်ပါသေးတယ်။တကယ်လည်း ထိပ်တန်း ဂိုးသမားစွမ်းရည်တွေ ရှိနေသူဖြစ်တဲ့အတွက်ကျွန်တော် ကြိုက်နှစ်သက်ပါတယ်။”လို့ ကလော့ပ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကယ်လီဟယ်အနေနဲ့ ပွဲချိန်အတွင်းမှာလည်း ပေးပို့မှု ၄၂ကြိမ်မှာ အကြိမ်အထိ တိကျခဲ့ပြီး အဆိုပါပွဲမှာတော့ ကလော့ပ်ရဲ့ လက်စွဲတော် ဟန်ဒါဆင်နဲ့ ရော်ဘင်ဆင်တို့ ဒဏ်ရာအနည်းငယ်စီရရှိခဲ့ကြပါသေးတယ်။

ဒါပေမယ့်လည်း လာမယ့် တနင်္ဂနွေမှာကစားမယ့် ဝုလ်နဲ့ပရီးမီးယားလိဂ်ပွဲအတွက်ကိုမူ အဆိုပါ နှစ်ဦး ကြံ့ခိုင်မှု ပြန်ရနေမယ်လို့ ကလော့ပ်က တွေးထားပါသေးတယ်။

လီဗာပူးအသင်းကတော့ အေဂျက်ကိုအနိုင်ရလိုက်လို့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကို အုပ်စုဗိုလ်နဲ့ လက်ကျန် တစ်ပွဲအလိုမှာပဲ တက်လှမ်းသွားခဲ့ပါပြီ။



က္က