ဒီဘာလာလည်း ပါဝင်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။

ကစားသမားတွေဘက်က ထပ်မံထွက်လာခဲ့တဲ့ အသံတွေထဲမှာ ရော်နယ်ဒိုက သူအနားယူချင်တဲ့အချိန်မှာ သူကိုယ်တိုင်ဆုံးဖြတ်ပြီး အနားယူနေမှုတွေရှိနေပြီး အထူးအခွင့်အရေးကို ခံစားနေရတယ်ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။ 


ဂျူဗင်တပ်စ်အသင်းကစားသမားတွေဟာ နည်းပြပီယာလိုရဲ့ ရော်နယ်ဒိုအပေါ် အလွန်အမင်းမျက်နှာသာပေးနေမှုတွေအပေါ်မှာ မကျေမနပ်ဖြစ်နေတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ စီးရီးအေ ၉ ပွဲကစားအပြီးမှာ ၄ပွဲသာအနိုင်ရထားပြီး ဦးဆောင်သူ အေစီမီလန်နဲ့ ၆ မှတ်အထိ ဂျူဗီက ကွာဟနေကာ ရာသီအစမှာ ရုန်းကန်နေခဲ့ရပါတယ်။



အီတလီသတင်းစာ Corriere della Sera ရဲ့ ဖော်ပြချက်အရ ကစားသမားတွေက ပီယာလိုရဲ့ နည်းစနစ်ပိုင်းအသိအမြင်နည်းပါးမှုနဲ့ အသင်းသားတွေအပေါ် ဆက်ဆံရေးကို ဝေဖန်မှုတွေရှိနေကြတယ်လို့ သိရပါတယ်။ ကစားသမားတွေဘက်က ထပ်မံထွက်လာခဲ့တဲ့ အသံတွေထဲမှာ ရော်နယ်ဒိုက သူအနားယူချင်တဲ့အချိန်မှာ သူကိုယ်တိုင်ဆုံးဖြတ်ပြီး အနားယူနေမှုတွေရှိနေပြီး အထူးအခွင့်အရေးကို ခံစားနေရတယ်ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ဘီနီဗန်တိုနဲ့ပွဲကို ပါဝင်ကစားပေးခဲ့ခြင်းမရှိဘဲ အနားယူခဲ့ပြီး နည်းပြပီယာလိုကလည်း အနားပေးမယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီဘာလာ နဲ့ ဒီဂျန်ကူလူဆက်စကီတို့ကလည်း သူတို့အပေါ် ပီယာလိုရဲ့ ဆက်ဆံနေမှုတွေကို နားမလည်နိုင်အောင်ဖြစ်နေတယ်လို့ ဖွင့်ဟခဲ့ပြီး ဦးစားပေးခြင်းမခံရတဲ့အပေါ်မှာ စိတ်ပျက်နေတယ်လို့ Corriere က ဖော်ပြခဲ့ပါတယ်။ 

ရေ်နယ်ဒိုက ကိုဗစ်ကူးစက်ပြီးနောက် အသင်းအတွက်ပြန်ကစားပေးနိုင်ချိန်မှာ ပီယာလိုက သူ့တိုက်စစ်မှူးကို မျှော်လင့်နေတာဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုကို ချီးကျူးမှုတွေ မကြာခဏပြုလုပ်နေလေ့ရှိကာ လိုအပ်သလို အနားပေးပြီး ကစားစေမယ်လို့လည်း ပြောဆိုထားခဲ့ကာ အသင်းတွင်းမှာ အခြားသောကစားသမားတွေထက် ပိုမိုအားကိုးတဲ့ သူ့ရဲ့စိတ်ထားကို သိသာစေခဲ့ပါတယ်။ 

ဒီလိုအနေအထားတွေအပေါ်မှာ အခြားအသင်းသားတွေက မကျေမနပ်ဖြစ်နေခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့တာပါ။ ဒါပေမယ့်လည်း ရော်နယ်ဒိုကတော့ ပီယာလိုရဲ့ အားကိုးခြင်းခံရသူပီပီ သူကစားပေးခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းပြနေခဲ့ပြီး အသင်းအတွက် သူကစားပေးတဲ့ပွဲနဲ့ မကစားပေးတဲ့ပွဲတွေမှာ သွင်းဂိုးနဲ့ ရလဒ်တွေ ကွာဟချက်တွေရှိခဲ့ကာ သူ့ရဲ့အခန်းကဏ္ဍက ဘယ်လောက်ထိကြီးမားလဲဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က