ဒီရှုံးပွဲ့ ယူနိုက်တက်အတွက် ကိုယ့်ကိုကိုယ်ချောက်ထဲတွန်းချခဲ့သလိုပါပဲ။

သရေဖြစ်နေချိန်မှာ မာရှယ်က အပိုင်အခွင့်အရေး နှစ်ကြိမ်ကို အံ့အားသင့်အောင် လွဲချော်ခဲ့ပြီး ဖရက်ဒ်ကလည်း အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာက ပွဲကိုအလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။


မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်ဟာ အိမ်ကွင်းမှာပဲ ပီအက်စ်ဂျီကို အရေးနိမ့်သွားခဲ့ရပါတယ်။ ဒီပွဲရှုံးနိမ့်မှုက ဆိုးလ်ရှားရဲ့အသင်းကို နောက်ဆုံးပွဲအထိ ရုန်းကန်ရစေဖို့ဖြစ်လာစေခဲ့ပြီး သက်တောင့်သက်သာနဲ့ နောက်တဆင့်တက်နိုင်မယ့် အခွင့်အရေးတွေကို ဆုံးရှုံးခဲ့ရတာက နောင်တရစရာဖြစ်နေလောက်ပါပြီ။

ပွဲချိန်အစောပိုင်းမှာပဲ နေမာရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီး ရက်ရှ်ဖို့ဒ်က ချေပဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းအချိန်တွေမှာတော့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ သရေဖြစ်နေချိန်မှာ မာရှယ်က အပိုင်အခွင့်အရေး နှစ်ကြိမ်ကို အံ့အားသင့်အောင် လွဲချော်ခဲ့ပြီး ဖရက်ဒ်ကလည်း အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာက ပွဲကိုအလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။

ပီအက်စ်ဂျီက နိုင်ပွဲရဖို့ မဖြစ်မနေလိုအပ်တာမို့ အရှိန်တင်ကစားခဲ့သလို ယူနိုက်တက်ကစားသမားတွေကို ဆွကစားခဲ့တဲ့ နည်းဗျူဟာကလည်း အောင်မြင်ခဲ့ပါတယ်။ ဒီလှည့်ကွက်ထဲကို ဖရက်ဒ်တစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ရပြီး တစ်ယောက်လျော့သွားချိန်မှာ ပီအက်စ်ဂျီက ပွဲကိုလွှမ်းမိုးခဲ့ကာ အနိုင်ဂိုးတွေ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ 

၁-၃ နဲ့ အရေးနိမ့်ခဲ့အပြီး ဒီအုပ်စုမှာ အသင်း ၃သင်း အပြိုင်အဆိုင်ဖြစ်နေပြီဖြစ်ပါတယ်။ ယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ လိုက်ဇစ်တို့ ၉ မှတ်စီရရှိထားကြပြီး နောက်တဆင့်အတွက် ပီအက်စ်ဂျီက အကောင်းဆုံးအခွင့်အရေးကို ရရှိသွားခဲ့ပါတယ်။ ယူနိုက်တက်က လိုက်ဇစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိ်ုင်ရမှာဖြစ်ပြီး ပီအက်စ်ဂျီက အုပ်စုအောက်ဆုံးက အစ္စတန်ဘူလ်နဲ့ ကစားရမှာဖြစ်လို့ အခွင့်အရေးပိုသာသွားခဲ့ပါတယ်။


ယူနိုက်တက်ကတော့ သရေကစားနိုင်ရုံနဲ့ နောက်တဆင့်ကို တက်နိုင်မှာဖြစ်ပေမယ့် ဒီရာသီအိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ လိုက်ဇစ်ကြောင့် အခက်တွေ့ရဦးမှာပါ။ ပီအက်စ်ဂျီနဲ့ပွဲကိုသာ သရေကစားထားနိုင်ခဲ့မယ်ဆိုရင် ပိုပြီးအခြေအနေကောင်းမှာဖြစ်ပေမယ့် မာရှယ်ရဲ့ညံ့ဖျင်းမှု၊ ဆိုးလ်ရှားရဲ့လူစားလဲမှုနောက်ကျခဲ့တာတွေက ရှုံးပွဲနဲ့ ကြုံခဲ့ရတာပါ။ 


က္က