ဒိုင်နမိုကိဗ်နဲ့ပွဲမှာ ရရှိခဲ့တာပါ။

ပွဲပြီးပြီးချင်းမှာပဲ ရော်နယ်ဒိုက သူ့ရဲ့ သွင်းဂိုး ၇၅၀ ပြည့်မြောက်မှုအတွက် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ လူမှုကွန်ရက်ကတဆင့်ပြောဆိုခဲ့ပြီး ဆက်ပြီး ကြိုးစားသွားဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။


ဒိုင်နမိုကိဗ်နဲ့ပွဲမှာ ဂျူဗီအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ကစားသမားဘဝသွင်းဂိုး ၇၅၀ ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ ပွဲကစားချိန် ၅၇ မိနစ်မှာ ရော်နယ်ဒိုက သွင်းယူပေးခဲ့တာဖြစ်ပြီးတော့ ရော်နယ်ဒိုအတွက် ဒီရာသီချန်ပီယံလိဂ်မှာ ၂ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ 



အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးကြီးဟာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် ဂိုးပေါင်း ၇၅၀ ကို ရရှိခဲ့တာဖြစ်ပြီး ဂုဏ်ယူဖွယ်ရာဖြစ်ခဲ့ရပါတယ်။ ပွဲပြီးပြီးချင်းမှာပဲ ရော်နယ်ဒိုက သူ့ရဲ့ သွင်းဂိုး ၇၅၀ ပြည့်မြောက်မှုအတွက် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ လူမှုကွန်ရက်ကတဆင့်ပြောဆိုခဲ့ပြီး ဆက်ပြီး ကြိုးစားသွားဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ၁၀၂ ဂိုး၊ မန်ချက်စတာယူနိုက်တက်အတွက် ၁၁၈ ဂိုး၊ ရီးရဲလ်မက်ဒရစ်အတွက် ၄၅၀ ဂိုးနဲ့ ဂျူဗင်တပ်စ်အတွက် ၇၅ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိကစားနေဆဲ ကစားသမားတွေထဲမှာ သွင်းဂိုးပေါင်း ၅၀၀ ပြည့်အောင်သွင်းယူထားနိုင်တဲ့ ကစားသမား ၄ဦးသာရှိနေပြီး ရော်နယ်ဒိုက တစ်ဦးအပါအဝင်ဖြစ်ကာ မက်ဆီ၊ ဇလာတန်၊ လီဝန်ဒေါစကီးတို့နဲ့အတူ ရပ်တည်နေခဲ့ပါတယ်။ 

ဒီလေးဦးထဲမှာမှာ ရော်နယ်ဒို နဲ့ မက်ဆီက ဂိုးပေါင်း ၇၀၀ အထိ ပြည့်ခဲ့ပြီးလည်းဖြစ်ပါတယ်။ နောက်ထပ်အမှတ်တရတစ်ခုကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ ချန်ပီယံလိဂ်ပထမဆုံးသွင်းဂိုးကို လွန်ခဲ့တဲ့ ၁၃ နှစ်နဲ့ ၂၅ ရက်က ဒိုင်နမိုကိဗ်နဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပြီး ဂိုးပေါင်း ၇၅၀ ပြည့်မြောက်ခဲ့တာကလည်း ဒိုင်နမိုကိဗ်နဲ့ပဲဖြစ်ခဲ့တာပါပဲ။ 

ရော်နယ်ဒိုဟာ ဂျူဗီအတွက် စီးရီးအေမှာလည်း ၈ ဂိုးအထိရရှိထားခဲ့ကာ ပြိုင်ပွဲစုံသွင်းဂိုး ၁၀ ဂိုးအထိရရှိထားပြီးဖြစ်ပါတယ်။ ဂျူဗီအတွက် နောက်ထပ် ၂၅ ဂိုးသွင်းယူနိုင်မယ်ဆိုရင် ဂိုးပေါင်း ၁၀၀ ပြည့်မြောက်မှာဖြစ်ပြီး ကစားပေးခဲ့တဲ့ ကလပ်အသင်းတိုင်းမှာ ဂိုးပေါင်း ၁ဝဝနဲ့ အထက် သွင်းယူနိုင်တဲ့ စံချိန်ကို ပိုင်ဆိုင်မယ့် အခွင့်အရေးလည်းရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က