ယူနိက်တက်ကို အနိုင်ယူအပြီး ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးအထိ နေမာက သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်တဆင့်ကိုတက်ရောက်နိုင်မယ့် အခွင့်အရေးကောင်းကို ရယူပေးခြ့တာလည်းဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့အပြီးမှာ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက သူဟာ ယူရိုပါလိဂ်ကစားဖို့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တာမဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးအထိ နေမာက သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်တဆင့်ကိုတက်ရောက်နိုင်မယ့် အခွင့်အရေးကောင်းကို ရယူပေးခြ့တာလည်းဖြစ်ပါတယ်။ 



ယူနိုက်တက်အနေနဲ့ အနည်းဆုံးသရေကစားခဲ့မယ်ဆိုရင်တောင် လိုက်ဇစ်နဲ့ပွဲကို စိတ်အေးလက်အေးနဲ့ ကစားရမှာဖြစ်ပေမယ့် အရေးနိမ့်ခဲ့တာကြောင့် ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ ပီအက်စ်ဂျီကတော့ အစ္စတန်ဘူလ်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ အနိုင်ရတာနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်တော့မှာဖြစ်ကာ ပြီးခဲ့တဲ့ရာသီကလို ဗိုလ်လုပွဲထိတက်ရောက်ခဲ့မှုမျိုးကို ဆက်လက်လုပ်ပြဖို့ အခွင့်အရေးရှိခဲ့ပြီဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ နေမာက "အသင်းဖော်တချို့ရဲ့ အားနည်းမှုတွေကို ကျွန်တော်ဘာမှမပြောပါဘူး၊ ကွင်းအတွင်းမှာ ကျွန်တော်တို့ နည်းနည်းလေးပျောက်ဆုံးနေတာမျိုးတွေတော့ ရှိပါတယ်၊ အသေးစိတ်ကအစ၊ နည်းစနစ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေပေါ့၊ ဒီနေ့မှာဆိုရင် အမြင့်ဆုံးအဆင့်မှာ ကျွန်တော်တို့ကစားနိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့ပြီး ပြေးလွှားတိုက်ပွဲဝင်နိုင်ခဲ့ပါတယ်"

"ကျွန်တော်က ဘယ်တုန်းကမှ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရသူမဟုတ်ပါဘူး၊ ဒါမှမဟုတ် ယူရိုပါလိဂ်မှာ ကစားခဲ့ရတာမဟုတ်ပါဘူး၊ ကျွန်တော့်စိတ်ထဲမှာလည်း ယူရိုပါလိဂ်ကစားရမယ်ဆိုတာမျိုး ဘယ်တုန်းကမှမရှိခဲ့ဖူးဘူး၊ အခက်အခဲတွေကြုံလာချိန်မှာ ဒါတွေကို ဖြေရှင်းဖို့ ကျွန်တော့်မှာတာဝန်ရှိပါတယ်၊ ယူရိုပါလိဂ်ကစားဖို့ ဒီအသင်းကို ရောက်လာတာမဟုတ်ပါဘူး" လို့ ပြောဆိုခဲ့ကြောင်း France Football က ဖော်ပြခဲ့ပါတယ်။ 

နေမာဟာ ပွဲချိန်အတွင်း မလိုအပ်တဲ့ ရန်မူမူတွေလည်းရှိခဲ့ပြီး ဘရာဇီးလ်အသင်းဖော်ဖရက်ဒ်ကိုလည်း ဒေါသတကြီးနဲ့ ရင်ဆိုင်ခဲ့ပါသေးတယ်။ အခြားကွင်းလယ်လူတစ်ဦးဖြစ်တဲ့ မက်တော်မီနေးက နေမာကို စိတ်ကြိုက်ကစားခွင့်မရအောင် ခပ်ကြမ်းကြမ်းကစားခဲ့လို့လည်း သူတို့နှစ်ဦးကြား အချင်းများမှုတွေရှိနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က