မက်ဆီရဲ့အနာဂတ်က ဘယ်ကိုသွားမလဲဆိုတာ ပိုစိတ်ဝင်စားဖို့ကောင်းလာပါပြီ။

မက်ဆီက ဘာစီလိုနာနဲ့ ရာသီကုန်မှာ လမ်းခွဲဖွယ်ရှိနေကာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေပြီး နေမာရဲ့ ပြောဆိုမှုက မက်ဆီကို ပီအက်စ်ဂျီက ခေါ်ယူနိုင်ချေရှိနေမလားဆိုတဲ့ မေးခွန်းတွေဖြစ်လာစေခဲ့ပါတယ်။ 


လာမယ့်ရာသီမှာ မက်ဆီနဲ့အတူ တွဲဖက်ကစားချင်တယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက ပြောဆိုလိုက်ပါတယ်။ နူးကမ့်မှာ လေးရာသီကြာ အသင်းဖော်တွေအဖြစ် တွဲကစားခဲ့ပြီး ရင်းနှီးခင်မှုမှုတွေအများကြီးရှိခဲ့တဲ့ အသင်းဖော်ဟောင်းနဲ့ ပတ်သက်ပြီး နေမာက အတိအလင်းပြောဆိုခဲ့တာဖြစ်ကာ မက်ဆီရဲ့ အနာဂတ်က ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။ 



နေမာဟာ ၂၀၁၇ မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မက်ဆီက ဘာစီလိုနာနဲ့ ရာသီကုန်မှာ လမ်းခွဲဖွယ်ရှိနေကာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေပြီး နေမာရဲ့ ပြောဆိုမှုက မက်ဆီကို ပီအက်စ်ဂျီက ခေါ်ယူနိုင်ချေရှိနေမလားဆိုတဲ့ မေးခွန်းတွေဖြစ်လာစေခဲ့ပါတယ်။ 

"သူနဲ့ နောက်တစ်ကြိမ် ပျော်ပျော်ရွှင်ရွှင်တွဲကစားဖို့ဆိုတာက ကျွန်တော်အလိုချင်ဆုံးအရာပါပဲ" လို့ ယူနိုက်တက်ကို နှစ်ဂိုးသွင်းယူခဲ့တဲ့ နေမာက ESPN ကို ပြောဆိုခဲ့ပါတယ်။ မက်ဆီနဲ့ ပြန်လည်ပြီး တွဲဖက်ကစားဖို့အတွက် ဖြစ်နိုင်မလားဆိုတဲ့မေးခွန်းကိုလည်း နေမာက ရယ်မောပြီးတော့ အခုလိုပဲပြောဆိုခဲ့ပါသေးတယ်။

"သူက ကျွန်တော့်နေရာမှာလည်း ကစားနိုင်ပါတယ်၊ ဒါက ကျွန်တော့်အတွက် ဘာပြသနာမှမရှိပါဘူး၊ သေချာပါတယ်၊ နောက်နှစ်ကျရင် ကျွန်တော်တို့ ဒါကိုလုပ်ရမယ်ဆိုတာ အသေအချာပါပဲ" လို့ နေမာက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာဆိုရင် နေမာက အသင်းတွင်းမှာ ကစားသမားခေါ်ယူဖို့အတွက် အကြံပေးမှုတွေကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။


အခုလိုသူ့ရဲ့ပြောဆိုမှုက မက်ဆီကို ပီအက်စ်ဂျီဘက်က ကမ်းလှမ်းမှုပြုလုပ်မယ်ဆိုတာ သေချာလောက်တဲ့ အနေအထားမှာ ရှိနေပြီလို့ ယူဆရပါတယ်။ ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင်တော့ မန်စီးတီးအတွက် ရင်မောစရာအဖြစ်ရှိလာမှာဖြစ်ပြီး သူတို့လိုပဲ ငွေကြေးကိုအတိုင်းအဆမရှိသုံးစွဲနိုင်တဲ့ ပြင်သစ်ကလပ်နဲ့အပြိုင် မက်ဆီကို ဆွဲဆောင်ရတော့မှာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က