ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ပျောက်ကင်းခဲ့ပြီဖြစ်ပါတယ်။

ကလပ်အသင်းရဲ့ အဓိကပွဲစဉ်တွေကို ဆွာရက်ဇ်လွဲချော်ခဲ့ရပြီး အသင်းဟောင်းဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေကို ပရိသတ်တစ်ဦးအနေနဲ့သာ ကြည့်ရှုနေခဲ့ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးလူးဝစ္စဆွာရက်ဇ်ဟာ အခုအခါမှာတော့ ဗိုင်းရပ်စ်ပျောက်ကင်းသွားခဲ့ပြီလို့ သိရပါတယ်။ ဥရုဂွေးအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲကို သွားရောက်ကစားပေးရင်းကနေ ကူးစက်ခံခဲ့ရတာဖြစ်ပြီး ဆွာရက်ဇ်ဟာ ရက်ပေါင်း ၂၀ နီးပါး ကုသမှုခံယူခဲ့ရပါတယ်။



ဒီအတွက်ကြောင့် ကလပ်အသင်းရဲ့ အဓိကပွဲစဉ်တွေကို ဆွာရက်ဇ်လွဲချော်ခဲ့ရပြီး အသင်းဟောင်းဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေကို ပရိသတ်တစ်ဦးအနေနဲ့သာ ကြည့်ရှုနေခဲ့ပါတယ်။ ဆွာရက်ဇ်ကတော့ ရာသီအစကမှ ဘာစီလိုနာကနေ အက်သလက်တီကိုကို ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် လာလီဂါခြောက်ပွဲကစားပေးထားကာ ၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ 

အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ဘိုင်ယန်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်မှာ ပျောက်ကင်းမယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း ပေါ့စတစ်ရလဒ်သာထွက်ပေါ်ခဲ့ပြီး မနက်ဖြန်ကစားရမယ့် ဗယ်လာဒိုလစ်နဲ့ပွဲမတိုင် စစ်ဆေးမှုမှသာ နဂ္ဂတစ်ရလဒ်ထွက်ပေါ်ခဲ့ပြီး ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်တယ်လို့ ကလပ်အသင်းဘက်က တရားဝင်အတည်ပြုခဲ့ပါတယ်။ 

"ဆွာရက်ဇ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့အတွက် ပြန်လည်ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်၊ PCR စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ နဂ္ဂတစ်ရလဒ်ထွက်ပေါ်ခဲ့လို့ မနက်ဖြန်ကစားရမယ့် ပွဲစဉ်အတွက် သူ ပါဝင်ကစားပေးနိုင်တော့မှာပါ၊ ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီးတော့ စည်းကမ်းနဲ့အညီ အသင်းဆီပြန်လည်ပူးပေါင်းမှာလည်းဖြစ်ပါတယ်" လို့ အေတီကိုက ရေးသားထုတ်ပြန်ခဲ့ပါတယ်။ 

အေတီကိုကတော့ ဒီရာသီလာလီဂါမှာ ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသောအသင်းအဖြစ် ရပ်တည်နေတဲ့အသင်းဖြစ်ပြီး အမှတ်ပေးဇယားထိပ်ပိုင်းနေရာမှာလည်း ရပ်တည်နေပါတယ်။ ထိပ်ဆုံးမှာဦးဆောင်နေတဲ့ ဆိုဆီဒက်ထက် ၂ပွဲလျော့ကစားထားပြီး ၁ မှတ်သာကွာဟနေတာဖြစ်လို့ လက်ကျန်နှစ်ပွဲကိုသာ အနိုင်ရခဲ့မယ်ဆိုရင် ၅ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာလည်းဖြစ်ပါတယ်။ 



က္က