ပွဲကြီးပွဲကောင်းတွေကို ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။
Pyae Phyo Thein

ပွဲစဉ်ဇယားရေးဆွဲခဲ့အပြီးမှာ လက်ရှိကမ္ဘာ့အဆင့်တစ် ဘယ်လ်ဂျီယံ နဲ့ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်တို့ ကစားရမှာဖြစ်ပြီး ချန်ပီယံဟောင်းတွေဖြစ်တဲ့ စပိန်နဲ့ အီတလီတို့ ထိပ်တိုက်တွေ့ဆုံနေပြီဖြစ်ပါတယ်။


နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ပွဲစဉ်တွေအတွက် ပွဲစဉ်ဇယားထွက်ပေါ်လာခဲ့ပြီဖြစ်ရာမှာ ပြိုင်ဘက်ဟောင်းတွေလည်းဖြစ်၊ ထိပ်သီးအသင်းကြီးတွေလည်းဖြစ်တဲ့ အသင်းတွေက ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်အဖြစ်သတ်မှတ်ထားတဲ့ အဆင့်ကို ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ စပိန်နဲ့ အီတလီတို့တက်ရောက်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲစဉ်ဇယားရေးဆွဲခဲ့အပြီးမှာ လက်ရှိကမ္ဘာ့အဆင့်တစ် ဘယ်လ်ဂျီယံ နဲ့ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်တို့ ကစားရမှာဖြစ်ပြီး ချန်ပီယံဟောင်းတွေဖြစ်တဲ့ စပိန်နဲ့ အီတလီတို့ ထိပ်တိုက်တွေ့ဆုံနေပြီဖြစ်ပါတယ်။ ဒီပွဲစဉ်တွေကိုတော့ လာမယ့်နှစ်အောက်တိုဘာလအတွင်းမှာ ကစားသွားမှာဖြစ်ပြီး အီတလီမှာပဲ ကျင်းပသွားမှာဖြစ်ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

အီတလီက နာမည်ကျော်ဘောလုံးကွင်းတွေဖြစ်တဲ့ ဆန်စီရိုနဲ့ အလိုင်းယင့်ဇ်ကွင်းတွေမှာ ကျင်းပသွားမှာဖြစ်ပြီး အီတလီအတွက်ကတော့ အားသာချက်တွေရှိနေပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့မှာ အီတလီင်္နဲ့ စပိန်တို့က ဆန်စီရိုကွင်း၊ အောက်တိုဘာလ ၇ ရက်နေ့မှာ ပြင်သစ် နဲ့ ဘယ်လ်ဂျီယံတို့က အလိုင်းယင့်ဇ်ကွင်းတို့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ 


အောက်တိုဘာလ ၁၀ ရက်နေ့မှာတော့ ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲတွေကို တစ်ရက်တည်းကစားကြမှာဖြစ်ပြီး ဗိုလ်လုပွဲကို ဆန်စီရိုနဲ့ တတိယနေရာလုပွဲကို တူရင်မှာကစားကြဖို့ စီစဉ်ထားပါတယ်။ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့ကတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ပြီးနောက် ပထမဆုံးအကြိမ်ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး ဘယ်လ်ဂျီယံက လက်စားချေရမယ့်ပွဲလည်းဖြစ်ပါတယ်။

စပိန်နဲ့ အီတလီတို့ကတော့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ၂၀၁၇ တုန်းက ရင်ဆိုင်ခဲ့ဖူးပါတယ်။ လက်ရှိချန်ပီယံပေါ်တူဂီတို့ နောက်ဆုံးအဆင့်ကိုမရောက်နိုင်ခဲ့တဲ့နောက် နေးရှင်းလိဂ်မှာ ချန်ပီယံအသင်းသစ်ထွက်ပေါ်လာတော့မှာဖြစ်ပြီး ထိပ်သီးလေးသင်းရဲ့ အားပြိုင်မှုကြောင့် ပရိသတ်တွေကို စိတ်ဝင်စားမှုတွေပေးစွမ်းနိုင်မှာကတော့ သေချာနေပါပြီ။ 


Author


က္က