၇ နှစ်အတွင်း ထိပ်တန်းလိဂ်ငါးခုမှာ မက်ဆီကလွဲရင် ဖရီးကစ်ဂိုးအများဆုံးသွင်းထားသူပါ။

အေစီမီလန်အတွက် ပထမချေပဂိုးကိုတော့ တူရကီကွင်းလယ်တိုက်စစ်ကစားသမား ဟာကန်ကယ်ဟာနိုဂလူက အလွတ်တည်ကန်ဘောကနေ လှလှပပသွင်းယူပေးခဲ့တာဖြစ်ပါတယ်။


မနေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာတော့ အေစီမီလန်က ဆဲလ်တစ်ကို အိမ်ကွင်းမှာ ၄-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အေစီမီလန်ဟာ လိုင်လီနဲ့အတူ ၃၂ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ သူတို့ရဲ့ခြေစွမ်းပြနေမှုကို ဆက်လက်ထိန်းသိမ်းခဲ့ကာ သတိထားရမယ့်အသင်းတစ်သင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အေစီမီလန်အနေနဲ့ အိမ်ကွင်းမှာ အစောပိုင်းပေးခဲ့ရတဲ့ သွင်းဂိုး ၂ဂိုးကြောင့် ဦးဆောင်ခံခဲ့ရပြီးမှ လေးဂိုးအထိ ပြန်သွင်းကာအနိုင်ယူခဲ့တာဖြစ်ပါတယ်။ ဆဲလ်တစ်က ၇ မိနစ် နဲ့ ၁၄ မိနစ်မှာ ဂိုးတွေဆက်တိုက်သွင်းခဲ့ပြီး ၂၄ မိနစ်နဲ့ ၂၆ မိနစ်မှာ ချေပဂိုးတွေပြန်သွင်းယူခဲ့ကာ ဒုတိယပိုင်းမှာ အနိုင်ဂိုးတွေကို ထပ်မံရရှိခဲ့တာလည်းဖြစ်ပါတယ်။


အေစီမီလန်အတွက် ပထမချေပဂိုးကိုတော့ တူရကီကွင်းလယ်တိုက်စစ်ကစားသမား ဟာကန်ကယ်ဟာနိုဂလူက အလွတ်တည်ကန်ဘောကနေ လှလှပပသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ကယ်ဟာနိုဂလူက ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကိုအတိအကျကန်သွင်းယူခဲ့ပြီး ဆဲလ်တစ်ဂိုးသမားဘာကတ်စ်လှုပ်ရှားချိန်တောင်မရခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ 

ဒီဂိုးသွင်းယူနိုင်ခဲ့လို့လည်း ကယ်ဟာနိုဂလူဟာ ၂၀၁၃-၁၄ ဘောလုံးရာသီကစပြီး ဥရောပရဲ့ ထိပ်တန်းလိဂ်ငါးခုမှာ အလွတ်တည်ကန်ဘောကနေ သွင်းဂိုး ၁၈ ဂိုးအထိ ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီစံချိန်ဟာ သူ့ထက်ပိုပြီးတော့ အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းယူနိုင်သူအဖြစ် မက်ဆီတစ်ဦးတည်းသာ ရှိတော့တဲ့အနေထားဖြစ်ပြီး မက်ဆီက ၃၆ ဂိုးအထိ ရရှိထားတာဖြစ်ပါတယ်။ 

တူရကီလက်ရွေးစင်ကတော့ သူ့ရဲ့ အလွတ်တည်ကန်ဘောကန်သွင်းရာမှာ ကျွမ်းကျင်မှုကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး အေစီမီလန်ရဲ့ ဖရီးကစ်စပါယ်ရှယ်လစ်အဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ အခြားသောနာမည်ကျော်ကစားသမားတွေထက်လည်း ပိုမိုပြီး ဂိုးရယူထားနိုင်ခဲ့တာကလည်း သူ့အတွက် ဂုဏ်ယူစရာဖြစ်လာခဲ့ရပါတယ်။ 



က္က