ဇီဒန်းကို ထောက်ခံဖို့နဲ့ လာမယ့်ပွဲတွေကို အနိုင်ကစားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
Pyae Phyo Thein

ဒီအစည်းအဝေးကိုခေါ်ယူခဲ့တာဟာ နည်းပြဇီဒန်းအတွက် အင်အားဖြစ်စေဖို့လည်း ရည်ရွယ်တယ်လို့ သိရပြီး အဝတ်လဲခန်းအတွင်းမှာ အသင်းသားတွေရဲ့ အားပေးမှုကို ဇီဒန်းက လိုအပ်နေတယ်လို့ ယူဆတာကြောင့်လည်းဖြစ်တယ်လို့ ဆိုပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ အသင်းရလဒ်ပိုင်းတွေဆိုးရွားနေခဲ့ပြီးနောက် အင်္ဂါနေ့က ပထမအသင်းသားတွေကိုစုစည်းပြီး လေ့ကျင့်ရေးကွင်းကို အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ AS ရဲ့ ဖော်ပြချက်အရ ဂလာဘတ်နဲ့ ကစားရမယ့် အရေးကြီးပွဲစဉ်နဲ့ ပတ်သက်ပြီး အလေးထားပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ 

ရှက်တာဒိုးနတ်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်ဟာ ချန်ပီယံလိဂ်မှာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ နောက်ဆုံးပွဲစဉ်က အရေးပါလာခဲ့ပြီဖြစ်ပါတယ်။ ဒီအစည်းအဝေးကိုခေါ်ယူခဲ့တာဟာ နည်းပြဇီဒန်းအတွက် အင်အားဖြစ်စေဖို့လည်း ရည်ရွယ်တယ်လို့ သိရပြီး အဝတ်လဲခန်းအတွင်းမှာ အသင်းသားတွေရဲ့ အားပေးမှုကို ဇီဒန်းက လိုအပ်နေတယ်လို့ ယူဆတာကြောင့်လည်းဖြစ်တယ်လို့ ဆိုပါတယ်။ 

ရာမို့စ်၊ မိုဒရစ်၊ မာဆယ်လိုတို့လို ၀ါရင့်ကစားသမားတွေက ဦးဆောင်ခဲ့တာဖြစ်ပြီး အစည်းအဝေးအပြီးမှာ အသင်းဥက္ကဌပီရက်ဇ်နဲ့အတူ အဖွဲ့လိုက်ဓာတ်ပုံရိုက်ကူးခဲ့သေးတယ်လို့လည်း သိရပါတယ်။ ရာမို့စ်က အသင်းသားတွေကို ပြောဆိုခဲ့ရာမှာတော့ အသင်းအတွက် ရှိသမျှအစွမ်းကုန်ပေးဆပ်ကစားဖို့ တောင်းဆိုခဲ့ကြောင်းလည်း AS က ဖော်ပြခဲ့ပါတယ်။

"ချန်ပီယံလိဂ်အုပ်စုအဆင့်ကတက်ရောက်နိုင်ဖို့ဆိုရင် ငါတို့ အဝေးကွင်းပွဲတစ်ပွဲကို အနိုင်ရဖို့က လိုအပ်နေပြီ၊ ဒါက ငါတို့အပေါ်မှာပဲ မူတည်နေပြီးတော့ ငါတို့ရှိသမျှအရာအားလုံးပေးဆပ်ကစားသွားရမယ်၊ ဒါက ရီးရဲလ်မက်ဒရစ်နော် လူကြီးလူကောင်းတို့၊ ငါတို့အားလုံးအတူတူ ဆိုးရွားမှုတွေကို တိုက်ထုတ်ကြရအောင်" လို့ ရာမို့စ်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။


မိုဒရစ်ကတော့ "ငါတို့ ညီညီညွှတ်ညွှတ်ရှိဖို့တော့လိုတယ်၊ နောက်ပွဲတွေကို အနိုင်ကစားသွားဖို့က ညီညွှတ်နေမှရမယ်၊ ငါတို့လုပ်နိုင်ပါတယ်" လို့ လိုတိုရှင်းသာပြောဆိုခဲ့ကြောင်း ဆိုပါတယ်။ ဒီအစည်းအဝေးကိုတော့ နည်းပြဇီဒန်းမပါဝင်ခဲ့ဘူးလို့သိရပြီး ကစားသမားတွေက သူ့ကိုသတင်းပေးပို့မှုတွေတော့ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က