မာရာဒိုနာက နာပိုလီမှာ ၇နှစ်ကြာ ကျင်လည်ခဲ့သူပါ။

၇နှစ်ကြာ အသင်းမှာ ကစားခဲ့ပြီး အသင်းနှင့်အတူ အောင်မြင်မှု များစွာ ရရှိခဲ့တဲ့ အာဂျင်တီးနား ဂန္တဝင်ကြီး မာရာဒို နာကို ဂုဏ်ပြုတဲ့အနေနဲ့ ကွင်းနာမည်ပြောင်းဖို့ ကိစ္စကို နေပယ်မြို့တော်ဝန်ကိုယ်တိုင် သဘောတူညီခဲ့တာလို့ သိရပါတယ်။

နာပိုလီအသင်းဟာ သူတို့အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ စတာဒီယိုဆန်ပါအိုလို ကွင်းကြီးကို ယခုအခါမှာ စတာဒီယို ဒီယေဂိုအာမန်ဒို မာရာဒိုနာလို့ အမည်ပြောင်းလဲ ခေါ်ဝေါ်စေခဲ့ပြီ ဖြစ်ပါတယ်။



ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက နှလုံးဖောက်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ ဂန္တဝင်ကစားသမားကြီး မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို အမည်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ယခုလို နာပိုလီအသင်းက အိမ်ကွင်းနာမည်ကို အမည်ပြောင်းလဲ အသုံးပြုဖို့အတွက်ကိုမူ နာပိုလီမြို့တော် ကောင် စီရဲ့ အတည်ပြုချက်ရယူပြီးမှ ပြောင်းလဲခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

မာရာဒိုနာ ကွယ်လွန်သွားပြီး ဆိုကတည်းက နာပိုလီအသင်းရဲ့ ပိုင်ရှင် အူရီလီယိုက နာပိုလီကွင်းအမည်ကို မာရာဒို နာကွင်းအဖြစ် အမည်ပြောင်းလဲဖို့ စာတင်ခဲ့တာလို့လည်း သိရပါတယ်။

ဒီအကြံကို နေပယ်လ်မြို့တော်ဝန် မက်ဂျစ်စတရက်စ် ကိုယ်တိုင်လည်းက သဘောတူလက်ခံခဲ့တယ်လို့ သိရပါ သေးတယ်။

မာရာဒိုနာဟာ နာပိုလီအသင်းမှာ ၇နှစ်ကြာ ကျင်လည်ခဲ့သူပါ။ဘာစီလိုနာအသင်းကနေ ၁၉၈၄ခုနှစ်က ပြောင်းရွှေ့ လာခဲ့ကာ ၁၉၈၇မှာ ကိုပါအီတာလီယံဖလားနဲ့ ၁၉၈၉မှာ ဥရောပဖလားတို့ကို ဆွတ်ခူးခဲ့သလို စီးရီးအေ ဆုဖလား ၂ကြိမ်လည်း ဆွတ်ခူးရရှိခဲ့သူပါ။

မာရာဒိုနာဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်လည်း ဂန္တဝင်ကစားသမားတစ်ဦးဖြစ်ပြီး ၁၉၈၆ ကမ္ဘာ့ဖ လား ချန်ပီယံ အာဂျင်တီးနား အသင်းအတွက် အဓိက စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

နာပိုလီအသင်းအတွက်ကိုမူ ၁၈၈ပွဲကစားခဲ့ပြီး ဒါဟာ အခြား ကလပ်အသင်းတွေမှာ ကစားခဲ့တာထက် ပွဲ အရေအတွက်ပိုခဲ့ကာ ဂိုးပေါင်းကတော့ ၈၁ဂိုးသွင်းပေးခဲ့သူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က