ဘာကာကတော့ တန်းဆင်းဇုန်နဲ့ ၃ မှတ်သာကွာဟပါတော့တယ်။

ဘာစီလိုနာအနေနဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပေမယ့်လည်း တန်းဆင်းဇုန်က အိုဆာဆူနာနဲ့ ၃ မှတ်သာကွာဟနေတာဖြစ်လို့ အချိန်မရွေးတန်းဆင်းဇုန်ထဲကို ရောက်သွားနိုင်ချေလည်းရှိနေပြီဖြစ်ပါတယ်။


မနေ့ညက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းဟာ ကာဒစ်ဇ်ကို အံ့အားသင့်ဖွယ်ရာအရေးနိမ့်သွားခဲ့ပါတယ်။ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီရှုံးနိမ့်မှုနဲ့အတူ ဘာစီလိုနာဟာ နှစ်ပေါင်း ၃ဝအတွင်းမှာ အဆိုးဝါးဆုံးရာသီစတင်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး စိတ်ပျက်စရာအခြေအနေတွေကိုလည်း ရင်ဆို်င်နေရပြီဖြစ်ပါတယ်။ 



ပွဲအပြီးမှာလည်း နည်းပြရော်နယ်ကိုးမန်းက အသင်းသားတွေရဲ့ကစားပုံနဲ့ စိတ်ပိုင်းဆိုင်ရာကို လူသိရှင်ကြားဝေဖန်ပြောဆိုသွားခဲ့ရာမှာ တော်တော်လေးစိတ်ပျက်နေတဲ့ဟန်ရှိနေခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပေမယ့်လည်း တန်းဆင်းဇုန်က အိုဆာဆူနာနဲ့ ၃ မှတ်သာကွာဟနေတာဖြစ်လို့ အချိန်မရွေးတန်းဆင်းဇုန်ထဲကို ရောက်သွားနိုင်ချေလည်းရှိနေပြီဖြစ်ပါတယ်။

ကိုးမန်းက "ဒီရှုံးပွဲနဲ့ပတ်သက်ပြီး ပြန်ပြောပြဖို့က တော်တော်ခက်ပါလိမ့်မယ်၊ ဒီနေ့ပွဲမှာ ကစားပုံတချို့ကောင်းခဲ့ပေမယ့် ပထမပိုင်းမှာတော့ မကောငး်မွန်ခဲ့ပါဘူး၊ ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပေမယ့်လည်း အရေးနိမ့်ခဲ့တာက မယုံနိုင်စရာပါ၊ မျှော်လင့်မထားတဲ့အမှားတွေကို ကျူးလွန်ခဲ့ပြီး သူတို့မလုပ်ပြနိုင်ခဲ့ပါဘူး၊ ဒါတွေက အာရုံမစိုက်လို့ဖြစ်တာပါ၊ ခံယူချက်နဲ့ စိတ်ဓာတ်ပိုင်းက မကောင်းမွန်ခဲ့လို့ပါပဲ၊ ခံစစ်ကစားသမားတွေကိုပဲ ပြောနေတာမဟုတ်ပါဘူး"

"ကျွန်တော်တို့ပေးနေရတဲ့ သွင်းဂိုးတွေအတွက် ပြန်ရှင်းပြဖို့က တော်တော်လေးခက်ပါယ်၊ ဒါက အာရုံစူးစိုက်မှုနည်းပါးတာ၊ တည်ငြိမ်မှုကင်းမဲ့တာကြောင့်လို့ ထင်ပါတယ်။ ဘောလုံးမရှိချိန်မှာ ထက်သန်တဲ့ကစားပုံလည်းမရှိခဲ့ဘူး၊ ဒါတွေက ကျွန်တော်တို့ဂိုးပေးနေရတဲ့အကြောင်းရင်းဖြစ်နိုင်ပါတယ်၊ ဒုတိယဂိုးအတွက်လည်း ရှင်းပြဖို့က မလွယ်ပါဘူး" လို့ Marca ကတဆင့် ပြောဆိုခဲ့ပါတယ်။ 

ဘာစီလိုနာဟာ တိုက်စစ်ပိုင်းမှာ ဘရိတ်ဝေ့တ်၊ ကော်တင်ဟို၊ ဂရစ်မန်း၊ မက်ဆီတို့ကို ပွဲထွက်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါကစားသမားအားလုံးဂိုးမသွင်းနိုင်ခဲ့ဘဲ ရရှိခဲ့တဲ့ချေပဂိုးကလည်း ကာဒစ်ဇ်ကစားသမားက ကိုယ့်ဂိုးကိုယ်သွင်းယူပေးခဲ့တာကြောင့်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က