ချန်ပီယံလိဂ်ပွဲ မကစားခင်မှာ ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

ဘာစီလိုနာကတော့ လာလီဂါမှာ အဆိုးဝါးဆုံးဘောလုံးရာသီစတင်မှုနဲ့ ရင်ဆိုင်နေရပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ အက်သလက်တီကိုအသင်းနဲ့ ၁၂ မှတ်အထိပြတ်တောက်နေခဲ့ပါတယ်။


ဂျူဗင်တပ်စ်အသင်းနည်းပြပီယာလိုက ဘာစီလိုနာနာမည်ကျော်ကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ စိတ်ပိုင်းဆိုင်ရာပြသနာတွေရှိနေတာကြောင့် ကွင်းတွင်းခြေစွမ်းကျဆင်းနေတာဖြစ်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲအဖြစ် နူးကမ့်မှာကစားရမယ့် ပွဲမတိုင်ခင်မှာ ပီယာလိုက ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

ဘာကာနဲ့ ဂျူဗီတို့ကတော့ နောက်တဆင့်ကို အသီးသီးတက်ရောက်ထားခဲ့ပြီးဖြစ်ကာ အခုကစားမယ့်ပွဲက ဂုဏ်သိက္ခာအရသာ အရေးပါတော့တာဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ၃ နှစ်အတွင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပထမဆုံးအကြိမ်ရင်ဆိုင်ရမယ့် အနေအထားတွေကတော့ စိတ်ဝင်စားစရာအဖြစ်ရှိနေပါတယ်။

ဘာစီလိုနာကတော့ လာလီဂါမှာ အဆိုးဝါးဆုံးဘောလုံးရာသီစတင်မှုနဲ့ ရင်ဆိုင်နေရပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ အက်သလက်တီကိုအသင်းနဲ့ ၁၂ မှတ်အထိပြတ်တောက်နေခဲ့ပါတယ်။ မက်ဆီကလည်း အသင်းအတွက် ၇ ဂိုးသွင်းယူပေးထားပေမယ့် အရေးကြီးအချိန်တွေမှာ ကယ်တင်ပေးနိုင်မှု နည်းပါးလာခဲ့ပြီး ခြေစွမ်းကျဆင်းနေတယ်လို့ ယူဆရပေမယ့် ပီယာလိုကတော့ စိတ်ပိုင်းဆိုင်ရာပြသနာကြောင့်သာဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ 

"မက်ဆီရဲ့ ဘဝမှာ အထူးခြားဆုံးအချိန်အခါပါ၊ သူ့ရဲ့ကစားသမားဘဝမှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ နွေရာသီမှာ သူ ပြသနာတွေရှိခဲ့တယ်၊ သူ ဘာကာမှာ ဆက်နေမှာလား၊ ထွက်သွားမှာလားဆိုတဲ့ ပြသနာပါ၊ ဒါပေမယ့် ပွဲကစားချိန်တွေတိုင်းမှာ သူ့ရဲ့တန်ဖိုးကို မက်ဆီက ပြသနေပါတယ်၊ သူ့မှာ စိတ်ပိုင်းဆိုင်ရာပြသနာတွေ ရှိနေနိုင်ပါတယ်"

"ဒါပေမယ့် ဒီပြသနာတွေထဲ ကျွန်တေ်ာတို့ ဝင်မပါချင်ပါဘူး၊ ကျွန်တော်တို့လုပ်ရမယ့်အလုပ်လည်းမဟုတ်ဘူး၊ မက်ဆီက အံ့အားသင့်ဖွယ်ကောင်းလောက်တဲ့ ကစားသမားပါ၊ ဒါကို သူလည်း ပြသခဲ့ပြီးပါပြီ" လို့ ပီယာလိုက Marca ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။ မက်ဆီဟာ ဂျူဗီနဲ့ကစားမယ့်ပွဲကို ပါဝင်ကစားလိမ့်မယ်လို့လည်း ဘာကာနည်းပြရော်နယ်ကိုးမန်းက အတည်ပြုထားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က