မက်ဆီနဲ့ ရော်နယ်ဒိုတို့ကတော့ ယနေ့ညမှာ တွေ့ဆုံကြပါတော့မယ်။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ကတော့ယနေ့ညမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ တွေ့ဆုံမှုအဖြစ် ဂျူဗင်တပ် - ဘာစီလိုနာပွဲကို ကစားကြရမှာ ဖြစ်ပါတယ်။

လူတွေငြင်းခုံနေကြတဲ့ မက်ဆီ၊ရော်နယ်ဒို ငြင်းခုံပွဲမှာ ပါဝင်မှာမဟုတ်ပဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘယ်လောက်ထိ စွမ်းဆောင်ပြကြလိမ့်မလဲဆိုတာကိုပဲ စိတ်ဝင်စားမိတယ်လို့ ဘာစီလိုနာအသင်း နည်းပြ ရော်နယ်ကိုးလ်မန်းက ထုတ်ဖော်ပြောဆိုလာပါတယ်။



ယနေ့ညမှာတော့ သူတို့ နှစ်ဦး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စီးချင်းထိုးဖို့ ရှိနေပြီး ဒါဟာ ရော်နယ်ဒိုအတွက် လာလီဂါက ထွက်ခွာပြီးနောက် မက်ဆီနဲ့ ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ပထမအကျော့ကတည်းက တွေ့ဆုံဖို့ ရှိခဲ့ပေမယ့် ရော်နယ်ဒိုက ကိုဗစ်ကူးစက်ခံထားရလို့ ပွဲကစားနိုင်ခြင်း မရှိတာ ကြောင့် နှစ်ဦးသား မတွေ့ဆုံခဲ့ပါဘူး။

“သူတို့နှစ်ဦး အခုလိုမျိုး အချိန်အကြာကြီး ပြိုင်ဖက်ကင်းကစားသမားတွေအဖြစ် ကစားနေနိုင်တာ တကယ့်ကို အံ့ အားသင့်ဖွယ်ကောင်းလှပါတယ်။လွန်ခဲ့တဲ့ ၁၀နှစ် ၁၅နှစ်လောက်အတွင်း သူတို့ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသ မားတွေပါ။တကယ့်ကို ချီးကျူးစရာပါပဲ။သူတို့နှစ်ဦးက မတူပေမယ့် တူညီတာတွေက အောင်မြင်မှုတွေပါ။နှစ်ဦးမှာ ဘယ်သူပိုကောင်းလဲပြောဖို့ကတော့ ခက်ပါတယ်။ကျွန်တော်ကတော့ နှစ်ဦးစလုံးကို ရွေးချယ်ပါတယ်။သူတို့နှစ်ဦး ဟာ ညနေတိုင်းမှာ သွင်းဂိုးတွေနဲ့ ကျွန်တော်တို့ ဖြေဖျော်ပေးနေသူတွေပါ။ ဒါကြောင့် ဒီနေ့ညမှာလည်း သူတို့ သွင်း ဂိုးတွေနဲ့ ပျော်ရွှင်ရလိမ့်မယ်လို့ ထင်ပါတယ်။”လို့ ကိုးလ်မန်းက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ယနေ့ညမှာ တွေ့ဆုံမယ့် ဂျူဗင်တပ်အသင်းမှာ အဓိက တိုက်စစ်မှူးရော်နယ်ဒိုဟာ ယခုနှစ်ရာသီ နိုင်ငံနဲ့ ကလပ် သွင်းဂိုး စုစုပေါင်း ၁၃ဂိုးထိသွင်းယူထားသူ ဖြစ်လို့ အဓိကထား လူကပ်ကစားသွားဖို့ ရှိမလားဆိုတဲ့ အပေါ်မှာလည်း -“ကျွန်တော်ကတော့ တစ်ဦးတစ်ယောက်ကို အဓိကထားပြီး ပွဲကို ချဥ်းကပ်သွားမှာ မဟုတ်ပါဘူး။တစ်ဦး တစ်ယောက်ချင်းစီက ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာ မဟုတ်ပါဘူး။”လို့ ကိုးလ်မန်းက ဆက်လက်ဆိုပါ တယ်။

ယခုတွေ့ဆုံမှုက နှစ်သင်းစလုံးအတွက် နောက်တစ်ဆင့် တက်ရေး အရေးမပါတော့ပေမယ့် အုပ်စုဗိုလ် ဖြစ်ရေး မဖြစ်ရေးသာ လုကြရမယ့်ပွဲလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က