အစ္စတန်ဘူလ် လက်ထောက်နည်းပြကို လူမဲလို့ ခေါ်ခဲ့တယ်လို့ စွပ်စွဲနေကြတာပါ။
Kyaw Ko Ko Sint

စတုတ္ထဒိုင်အနေနဲ့ အစ္စတန်ဘူလ် လက်ထောက်နည်းပြ ဝီဘိုကို လူမဲလို့အဓိပ္ပာယ်ရတဲ့ ရိုမေးနီးယား ဘာသာစကားနဲ့ ခေါ်ဝေါ် ခဲ့တယ်လို့ သိရပြီး ဒီလိုပြောဆိုခဲ့ခြင်း ဟုတ်မဟုတ် စစ်ဆေး တွေ့ရှိပါက အနည်းဆုံး ၁၀ပွဲထိ ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်တာပါ။

ဗုဒ္ဓဟူးနေ့မနက်က ကစားဖို့ စီစဥ်ခဲ့ပြီးမှ ရုတ်တရက် ပွဲပျက်ခဲ့ရတဲ့ ပီအက်စ်ဂျီနဲ့အစ္စတန်ဘူလ်ပွဲစဥ်ကို ယနေ့မနက် က ပြန်လည်ကျင်းပခဲ့ရာမှာတော့ ပီအက်စ်ဂျီအသင်းက ၅-၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ပွဲပျက်ခဲ့ရတဲ့ အဓိက အကြောင်းရင်းကတော့ အဆိုပါပွဲစဥ်ကို တာဝန်ယူမယ့် စတုတ္ထဒိုင်လူကြီးက အစ္စတန်ဘူလ် အသင်းရဲ့ လက်ထောက်နည်းပြကို လူမျိုးရေး ခွဲခြားတဲ့ အသုံးအနှုန်းပြောဆိုခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါ တယ်။

အဆိုပါ စတုတ္ထဒိုင်အနေနဲ့ ပွဲကစားဖို့ ဒိုင်လူကြီးတွေ ဦးဆောင်ပြီး နှစ်ဖက်ကစားသမားတွေ တန်းစီနေချိန်မှာ အစ္စ တန်ဘူလ်အသင်းက လက်ထောက်နည်းပြဝီဘိုကို လူမဲဆိုပြီး ပြောဆိုသုံးနှုန်းခဲ့တာလို့လည်း သိရပါတယ်။

ရိုမေးနီးယားလူမျိုးဖြစ်တဲ့ အဆိုပါ စတုတ္ထဒိုင်ဟာ ရိုမေးနီးယားဘာသာစကားနဲ့ လူမဲလို့ အဓိပ္ပာယ်ရတဲ့ “အလာနီဂရူး”ဆိုပြီး သုံးနှုန်းပြောဆိုခဲ့တာလို့လည်း သိရပါသေးတယ်။

ဒါဟာ လူမျိုးရေးခွဲခြားပြီး ပြောဆိုင်ခြင်း အဖြစ် ဘောလုံးလောကမှာ သတ်မှတ်ထားတာ ဖြစ်ပြီး သူ့အနေနဲ့က တော့ ဒီလိုမျိုးလူမျိုးရေးခွဲခြား ပြောဆိုတဲ့သူမဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်လို့ ရိုမေးနီးယား လူမျိုး စတုတ္ထ ဒိုင်က ပထမအကြိမ် ဖွင့်ဟ ပြောဆိုလာတယ်လို့လည်း Daily Mail ကဖော်ပြလာပါတယ်။

“အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်၊ နောက်နေ့တွေမှာ ဒီသတင်းနဲ့ပတ်သက်ပြီး မည်သည့် သတင်းဆိုဒ် ကိုမှ ဝင်မဖတ်ဖြစ်ခဲ့ပါဘူး။ကျွန်တော့်ကိုသိတဲ့လူတိုင်းက ကျွန်တော်ဟာ လူမျိုးရေးခွဲခြားတတ်သူ မဟုတ်ဘူးဆို တာ သိကြပါတယ်။”လို့ ပီအက်စ်ဂျီ-အစ္စတန်ဘူလ်ပွဲကို စတုတ္ထဒိုင်အဖြစ် တာဝန်ယူခွင့်ရခဲ့တဲ့ ရိုမေးနီးယားလူမျိုး ဒိုင်လူကြီး ကော့လ်တက်စ်ကူက ပြောပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီနေ့က ပွဲစဖို့ လုပ်ခဲ့ပြီးမှ ပွဲကို ရုတ်တရက် ဖျက်သိမ်းလိုက်ရပြီး အစ္စတန်ဘူလ် ကစားသမား တွေက စတုတ္ထဒိုင်ကို လူမျိုးရေးခွဲခြားဆက်ဆံတယ်လို့ ဝိုင်းဝန်းစွပ်စွဲကြပါတယ်။

ယူအီးအက်ဖ်အေကတော့ ဒီဖြစ်စဥ်ကို သေချာ စုံစမ်းစစ်ဆေးသွားမယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

“ယူအီးအက်ဖ်အေရဲ့ ဥပေဒ ပြဌာန်းချက် အပိုဒ် ၃၁(၄)အရ ဒီအဖြစ်အပျက်ကို စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ စစ်ဆေးမေးမြန်းနိုင်ရန် ကျင့်ဝတ်နှင့်စည်းကမ်းထိန်းသိမ်းရေး စစ်ဆေးရေးမှူးတစ်ဦးကို ခန့်ထားပြီး ဖြစ်ပါတယ်။” လို့ ယူအီးအက်ဖ်အေက ထုတ်ပြန်ပေးလာပါတယ်။

စည်းကမ်းထိန်းသိမ်းရေးရဲ့ စစ်ဆေးချက်အရ စတုတ္ထဒိုင်အနေနဲ့ အပြစ်ရှိကြောင်း အတည်ပြု တွေ့ရှိခဲ့ပြက အ နည်းဆုံး ၁၀ပွဲ ကြီးကြပ်ခွင့်ပိတ်ပင်ခံရမယ်လို့လည်း ပါရှိပါတယ်။


Author


က္က