ရော်ဘင်ဟိုအနေနဲ့ ပြစ်မှုနဲ့ပတ်သက်ပြီး အယူခံဝင်ရာမှာတော့ တရားရုံးကပယ်ချခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်ထပ်မံအယူခံလျှောက်ထားမယ်လို့ ကာယကံရှင်ကပြောပါတယ်။

မန်စီးတီးနဲ့ဘရာဇီးလက်ရွေးစင်ကစားသမားဟောင်း ရော်ဘင်ဟိုရဲ့မုဒိမ်းမှုနဲ့ပတ်သက်ပြီး တင်သွင်းတဲ့ အယူခံကို အီတလီတရားရုံးက ပယ်ချလိုက်တဲ့အတွက် ထောင်ကိုးနှစ်ကျခံရတော့မယ့်အရေးနဲ့ရင်ဆိုင်နေရပါတယ်။ 

Photo: The Sun

အသက် ၃၆နှစ်အရွယ် ဘရာဇီးကစားသမားဟာ ၂၀၁၃ခုနှစ်က အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းမှာကစားနေစဉ်ကာလအတွင်း အပေါင်းအပါငါးဦးနဲ့အတူ အသက်၂၂နှစ်အရွယ် အယ်လ်လေးနီးယန်းအမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်ခဲ့တယ်ဆိုပြီးစွဲချက်အတင်ခံထားရတယ်လို့ အီတလီသတင်းဌာန AS ကဖော်ပြခဲ့ပါတယ်။ ရော်ဘင်ဟိုဟာ ၂၀၁၀မှာ မန်စီးတီးအသင်းကနေ အေစီမီလန်ကိုပြောင်းရွှေ့လာခဲ့တာပါ။ တရားရုံးရဲ့မူလရုံးတင်စစ်ဆေးချက်အရ မီလန်မြို့ရဲ့နိုက်ကလပ်တစ်ခုဖြစ်တဲ့ Sio Café မှာ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့ထုတ်ပြန်ထားပါတယ်။ ရော်ဘင်ဟိုအနေနဲ့ ပြစ်မှုနဲ့ပတ်သက်ပြီး အယူခံဝင်ရာမှာတော့ တရားရုံးကပယ်ချခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်ထပ်မံအယူခံလျှောက်ထားမယ်လို့ ကာယကံရှင်ကပြောပါတယ်။ 

Photo: The Sun

 ရော်ဘင်ဟိုကို အပြစ်ရှိကြောင်းဆုံးဖြတ်ပြီး ထောင်ဒဏ်ကိုးနှစ်ချမှတ်ထားပေမယ့် အီတလီဥပဒေအရ အယူခံကိစ္စရှင်းရှင်းလင်းလင်းမရှိမချင်းပြစ်ဒဏ်ကျခံရမှာမဟုတ်ဘူးလို့လည်းအီတလီမီဒီယာတွေဖော်ပြချက်အရသိရပါတယ်။ ရော်ဘင်ဟိုဟာ ဥရောပကိုပထမဆုံးခြေကျမှုအဖြစ် ၂၀၀၅ခုနှစ်မှာ ဘရာဇီးကလပ် ဆန်းတို့စ်ကနေ ရီးယဲလ်မက်ဒရစ်ကိုပြောင်းရွှေ့ခဲ့ပြီး ၂၀၀၈ဘောလုံးရာသီမှာတော့ ဗြိတိန်ဘောလုံးလောကရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၃၂.၅သန်းနဲ့မန်စီးတီးကို ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ ရော်ဘင်ဟိုဟာ အောက်တိုဘာ၁၀ရက်နေ့က အသင်းဟောင်း ဆန်းတို့စ်ကိုပြန်လည်ပြောင်းရွှေ့ဖို့ ကာလတိုစာချုပ်,ချုပ်ဆိုခဲ့ပေမယ့် ဆန်းတို့စ်ပရိသတ်တွေရဲ့ကန့်ကွက်မှုကြောင့် အသင်းက စာချုပ်ကို ဆိုင်းငံ့ထားပြီး အမှုအခြေအနေကိုစောင့်ကြည့်နေတယ်လို့သိရပါတယ်။ 



က္က