အာဆင်နယ်အသင်းဟာ ဒန်းဒေါ့ဖ်ကိုအနိုင်ရပြီးနောက် အုပ်စုတွင်းရာနှုန်းပြည့်နိုင်ပွဲရခဲ့တာက ၂၀၀၅နိုဝင်ဘာနောက်ပိုင်း ဥရောပအဓိကပွဲတွေမှာ ခြောက်ပွဲဆက်အနိုင်ရတဲ့စံချိန်ကိုပြန်ရခဲ့ပါတယ်။

မနေ့ညက,ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ အိုင်ယာလန်ကလပ် ဒန်းဒေါ့ခ်အက်ဖ်စီအသင်းကို ၄-၂ဂိုးနဲ့အနိုင်ရပြီးနောက် အာဆင်နယ်ဟာ ယူရိုပါလိဂ်အုပ်စုတွင်းခြောက်ပွဲစလုံးရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့ပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ 

Photo: BBC

ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေကြောင့် ပရိသတ်တွေစိတ်ပျက်နေကြပြီး ထိုင်ခုံလှုပ်နေတဲ့နည်းပြ အာတီတာအတွက်ယူရိုပါလိဂ်ရလဒ်က အနည်းငယ်စိတ်သက်သာရာရစေခဲ့တယ်လို့ အင်္ဂလန်မီဒီယာတွေကတော့ ဖော်ပြနေကြပါတယ်။ "ဒီနေ့ပွဲကအားလုံးကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အနိုင်ရခဲ့တာကို။ ယူရိုပါလိဂ်ကို ကျွန်တော်တို့ခဏမေ့ထားရပါမယ်။ အခုအချိန်မှာ ပရီးမီးယားလိဂ်ကို အာရုံစိုက်ပြီး လိုချင်တဲ့ရလဒ်အတွက်ကြိုးစားရမှာပါ။"လို့ အာဆင်နယ်နည်းပြ အာတီတာက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ 

Photo: BBC

အာဆင်နယ်အသင်းဟာ ဒန်းဒေါ့ဖ်ကိုအနိုင်ရပြီးနောက် အုပ်စုတွင်းရာနှုန်းပြည့်နိုင်ပွဲရခဲ့တာက ၂၀၀၅နိုဝင်ဘာနောက်ပိုင်း ဥရောပအဓိကပွဲတွေမှာ ခြောက်ပွဲဆက်အနိုင်ရတဲ့စံချိန်ကိုပြန်ရခဲ့ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်အဝေးကွင်းကိုးပွဲဆက်ရှုံးပွဲမရှိစံချိန်လည်းရခဲ့ပြီး ဒီရာသီယူရိုပါလိဂ်ခြောက်ပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုး ၂၀ က ပရီးမီးယားလိဂ် ၁၁ပွဲမှာ ရရှိထားတဲ့ သွင်းဂိုး ၁၀ဂိုးထက် ၂ဆပိုများခဲ့ပါတယ်။ မနေ့ညက အာဆင်နယ်အတွက် ဂိုးသွင်းယူခဲ့တဲ့ အင်္ဂလန်လူငယ်ကစားသမားသုံးယောက်ဟာ အသက် ၂၁နှစ်အောက်သာရှိသေးပြီး ဥရောပပွဲတွေမှာ အသက်၂၁နှစ်အောက် အင်္ဂလန်လူငယ်ကစားသမားသုံးဦးဂိုးသွင်းယူနိုင်ခဲ့တဲ့ ၁၉၈၂ခုနှစ်က စပါးအသင်းစံချိန်နဲ့တူညီခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့အင်္ဂလန်လူငယ်တိုက်စစ်မှူး နစ်ကတ်တီးယားကလည်းစံချိန်တစ်ခုရခဲ့ပြီး သူဂိုးသွင်းယူနိုင်ခဲ့တဲ့ ပွဲစဉ် ၁၁ပွဲစလုံး အာဆင်နယ်အနိုင်ရရှိခဲ့ပါတယ်။



က္က