မာရာဒိုနာရဲ့ နံပါတ် ၁၀ဂျာစီကို ဝတ်ဆင်ကစားသင့်သူလို့ ပြောခဲ့ပါတယ်။

နာပိုလီမှာ လေ့ကျင့်ရေးကိုတောင် ဟယ်လီကော်ပတာနဲ့ သွားရမှာ ဖြစ်ပြီး မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်နှစ်၊ နှစ်နှစ်လောက် ကစားပေးသင့်တယ်လို့ ဘိုတန်က မက်ဆီကို တိုက်တွန်းခဲ့တာပါ။

ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပါက နာပိုလီအသင်းထံ ပြောင်းရွှေ့ ကစားသင့်တယ်လို့ မက်ဆီကို ကစားဖော်ဟောင်း ဘိုတန်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။



ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံလူ ဂျီရိုမီး ဘိုတန်နဲ့လည်း ညီအကိုတော်စပ်သူ ဂါနာ လက်ရွေးစင်ဟောင်း ပရင့် ဘိုတန် ဟာ မက်ဆီနဲ့အတူ ဘာစီလိုနာမှာ အချိန်တစ်ခု ကစားခဲ့ဖူးပါတယ်။

လက်ရှိမှာ မက်ဆီရဲ့ စာချုပ်အရလည်း ရာသီကုန်ရင် ဘာစီလိုနာကနေ အလွတ်ထွက်ခွာခွင့်ရှိနေပြီး ဇန်နဝါရီဆိုတာနဲ့ စပိန် မဟုတ်တဲ့ ကလပ်အသင်းတွေနဲ့ စာချုပ်သစ်အတွက် ညှိနှိုင်းနိုင်ပြီလည်း ဖြစ်ပါတယ်။

စပါး၊ပို့စ်မေက်၊အေစီမီလန်၊အသင်းတို့မှာ ကွင်းလယ်တိုက်စစ် ကစားခဲ့ဖူးတဲ့ ဘိုတန်ဟာ နာပိုလီမြေကို မက်ဆီရဲ့ ကစား သမားဘဝ ကုန်ဆုံးသင့်ရာ နေရာလို့ မှတ်ယူထားတာပါ။

“၂၀၂၁ ဇွန်မှာ စာချုပ်ပြည့်ရင် နာပိုလီကို မက်ဆီပြောင်းသင့်ပါတယ်။မာရာဒိုနာရဲ့ နံပါတ် ၁၀ ဂျာစီကို ဂုဏ်ပြုဝတ်ဆင် ပြီး တစ်နှစ်(သို့)၂နှစ်တော့ ကစားသင့်ပါတယ်။ ပိုက်ဆံအတွက်မဟုတ်ပဲ နှလုံးသားနဲ့ ကစားစေမှာပါ။ဒါဟာ ရုပ်ရှင်ဆန်ရင်ဆန် သွားနိုင်ပါတယ်။သူ နာပိုလီရောက်ရင် လေ့ကျင့်ရေးကွင်းကို ဟယ်လီကော်မတာနဲ့သွားမှ အဆင်ပြေပါလိမ့်မယ်။”လို့ ဘို တန်က ပြောပါတယ်။

မာရာဒိုနာ ရုတ်တရက် ကွယ်လွန်သွားချိန်မှာတော့ နာပိုလီမှာ မာရာဒိုနာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီ နံပါတ် ၁၀ကို တစ်ကမ္ဘာလုံး က အသင်းအားလုံး အနားပေးသင့်တယ်လို့လည်း မာဆေးလ်နည်းပြ ဗီလာဘို့အာ့စ်က တိုက်တွန်းထားပါသေးတယ်။

နာပိုလီအသင်းဟာလည်း ရီဂျီကာအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဥ်မှာလည်း ကစားသမားအားလုံး မာရာဒိုနာ နာမည် နဲ့ နံပါတ် ၁၀ ဂျာစီကို အားလုံးဝတ်ဆင်ပြီး မာရာဒိုနာကို ဂုဏ်ပြုခဲ့ကြပါတယ်။

လက်ရှိမှာတော့ နာပိုလီအသင်းဟာ မာရာဒိုနာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီ နံပါတ် ၁၀ ကို ရာသက်ပန်အနားပေးခဲ့ပြီ ဖြစ်ပြီး ဒီလို မျိုး ဂျာစီနံပါတ်တွေကို အနားပေးတာ အခြားကလပ်အသင်းတွေမှာလည်း ရှိကြပါတယ်။

Share

Loading Next Article...
က္က