မိုဗစ်ကတော့ စီးရီးအေ ထိပ်တန်း ဂိုးသွင်းရှင်အဖြစ် ဦးဆောင်နေပါတယ်။
Kyaw Ko Ko Sint

အေစီမီလန်အသင်းနဲ့ ဒုတိယအကြိမ် လက်တွဲခြင်းဖြစ်ပြီး ယခုနှစ်ရာသီ ကလပ်အသင်းနှင့်အတူ လိဂ် ၈ပွဲပါဝင်ထားရာမှာ ၁၀ဂိုးထိသွင်းပြီး ရော်နယ်ဒို၊လူကာကူတို့ရဲ့ အထက်မှာ ဂိုးသွင်းအများဆုံးနဲ့ ရပ်တည်ထားနိုင်ပါတယ်။

အေစီမီလန်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ လက်ရှိ အသက် ၃၉နှစ်ရှိနေသည့်တိုင် ဘောလုံး ကစားခြင်းကနေ အဝေးကို ပြေးထွက်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ အံ့အားသင့်ဖွယ် ထုတ်ဖော်ပြောလာပါတယ်။

လက်ရှိမှာလည်း ပြောစမှတ်တွင်ရလောက်အောင် စီးရီးအေရဲ့ ထိပ်တန်း ဂိုးသွင်းရှင်း စာရင်းမှာ ရော်နယ်ဒို၊လူကာကူတို့ရဲ့ အထက်မှာ သွင်းဂိုး ၁၀ဂိုးနဲ့ ရပ်တည်နေပါတယ်။

ဆွီဒင်လက်ရွေးစင်ဟောင်း တိုက်စစ်မှူးကြီး မိုဗစ်ဟာ ၁၀စုနှစ် နှစ်ခုလောက် နိုင်ငံ ၇နိုင်ငံရဲ့ ထိပ်တန်းလိဂ်တွေမှာ ကျင် လည်ကျက်စားလာခဲ့သူလည်း ဖြစ်ပါတယ်။

“ကျွန်တော်မလုပ်နိုင်တော့တဲ့အထိ လုပ်နေဦးမှာပါ။လက်ရှိမှာ ကြံ့ခိုင်ရေးကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်ပြီး အကောင်းဆုံး ပုံစံမှာလည်း ရှိနေပါတယ်။လောလောဆယ်တော့ ဘောလုံးကစားခြင်းကနေ အဝေးကို ပြေးထွက်ဖို့ အဆင် သင့်မဖြစ်သေးပါဘူး။”လို့ မိုဗစ်က BBC SPORTကိုပြောပါတယ်။

မိုဗစ်နှင့်အတူ အေစီမီလန်အသင်းဟာလည်း အံ့အားသင့်ဖွယ် ရလဒ်တွေ ပိုင်ဆိုင်ထားပြီး စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

စီးရီးအေ ၁၀ပွဲမှာ ရှုံးပွဲမရှိစံချိန်နဲ့ မြို့ခံ ပြိုင်ဖက် အင်တာမီလန်ကို ၅မှတ်ဖြတ်ပြီး စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင် နေပါတယ်။

“ကျွန်တော်တို့ မယုံကြည်နိုင်လောက်တဲ့ အနေအထားတစ်ခုကို ရောက်နေပါတယ်။ဒါဟာလည်း အလုပ်ကို အကောင်းဆုံး လုပ်ခဲ့ကြလို့ပါ။ဒါပေမယ့် ကျွန်တော်တို့ ဘာမှ ရသေးတာ မဟုတ်ပါဘူး။ဒါကိုတော့ စိတ်ထဲမှာ မှတ်ထားရပါမယ်။”လို့လည်း မိုဗစ်က ဆိုပါသေးတယ်။

မိုဗစ်ဟာ အေစီမီလန်အသင်း ကစားထားတဲ့ လိဂ်၁၀ပွဲမှာ ၈ပွဲသာ ပါဝင်ထားနိုင်ပြီး မပါဝင်ဖြစ်ခဲ့တဲ့ ၂ပွဲကတော့ ကိုဗစ် ကြောင့် လွဲချော်ခဲ့တာပါ။

လက်ရှိ အေစီမီလန်အသင်းနဲ့ ကစားနေတာဟာလည်း မိုဗစ်ရဲ့ ဒုတိယမြောက် အသင်းနဲ့ ပူးပေါင်းခြင်းဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက အေစီမီလန်အသင်းမှာ ကစားခဲ့ဖူးပါသေးတယ်။

မိုဗစ်အနေနဲ့ ၃၉နှစ်အရွယ်နဲ့ စီးရီးအေမှာ ဂိုးတွေ ဆက်လက်သွင်းပြီး အေစီမီလန်အသင်းကို အောင်မြင်မှုရအောင် စွမ်း ‌ဆောင်ပေးနိုင်မလားဆိုတာကတော့ ရာသီကုန်တဲ့အထိ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမယ့် အဓိက အချက်ပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က