လိုင်ယွန်နဲ့ပွဲမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တာပါ။

နေမာကတော့ ပီအက်စ်ဂျီအသင်းကို ရောက်ရှိချိန် ၂၀၁၇ကစပြီး မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာတွေ ရရှိနေခဲ့တာ ကြောင့် အဓိက အရေးကြီး ပွဲအချို့ကို လွဲချော်ထားခဲ့သူလည်း ဖြစ်ပါတယ်။

လိုင်ယွန်ကို ၁-၀နဲ့ ရှုံးတဲ့ပွဲမှာ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာ ဒူးဒဏ်ရာ ပြင်းထန်စွာရသွားလို့ ထမ်းစင်နဲ့ ကွင်းအပြင်ကို ထုတ်ခဲ့ရပါတယ်။



နေမာကို ပြင်းထန်စွာ ကစားခဲ့တဲ့ လိုင်ယွန်ကစားသမား သီယာဂို မန်ဒက်စ်ကိုလည်း ကွင်းလယ်ဒိုင်လူကြီးက တိုက်ရိုက် အနီကဒ်ပြ ထုတ်ပယ်ခဲ့ပါတယ်။

နေမာရဲ့ ဒဏ်ရာ ဘယ်လောက်ပြင်းထန်လဲဆိုတာကိုတော့ သေချာစစ်ဆေးမှုတွေ ပြုလုပ်သွားရဖို့ ရှိတယ်လို့ ပီအက်စ်ဂျီ နည်းပြ သောမတ်စ်တူချယ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“တနင်္လာနေ့ကျမှ အဖြေကို သေချာသိနိုင်ပါမယ်။လောလောဆယ်တော့ သူ့ကို အသင်းဆရာဝန်နဲ့ အကြောပြင် ဆရာတို့က အနီးကပ် ပြုစုပေးနေပါတယ်။”လို့ ဆိုပါတယ်။

အသက် ၂၈နှစ်အရွယ် နေမာကတော့ ၂၀၁၇ ခုနှစ် သြဂုတ်လက ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းထံ ပြောင်း ရွှေ့ကြေး ပေါင် သန်း ၂၀၀နဲ့ စံချိန်တင် ပြောင်းရွှေ့ခဲ့သူပါ။

အသင်းကို ရောက်ရှိပြီးနောက် လိဂ်ဝမ်း အမှတ်ပေးဖလား ၃ကြိမ်ဆက်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တစ်ကြိမ် ရောက်ရှိ အောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။

ဒါပေမယ့်လည်း နေမာဟာ ပီအက်စ်ဂျီကို ရောက်ရှိချိန် မကြာခဏဆိုသလို ဒဏ်ရာတွေရရှိခဲ့တာကြောင့် ကလပ်နဲ့ နိုင်ငံ အသင်းအတွက် အဓိက ပွဲအချို့ကို လွဲချော်ခဲ့ပါသေးတယ်။

နေမာရဲ့ ပီအက်စ်ဂျီအသင်းကတော့ ယခုနှစ်မှာ လိဂ်ဝမ်း အမှတ်ပေးဇယား အဆင့် ၃မှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ၁၆သင်းအဆင့်ကို တက်လှမ်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က