နိုင်ပွဲ ၄၀၀ ပထမဆုံး ပြည့်မြောက်ခဲ့ပါပြီ။

နိုင်ပွဲ ၄၀၀ ပထမဆုံး ပြည့်မြောက်တဲ့ ကစားသမားဖြစ်လာပြီး မက်ဆီက ၃၆၅ပွဲ၊ဘူဖွန်က ၃၅၀နဲ့ အသီးသီး ရပ်တည် နေကြပါတယ်။

ဂျီနိုအာအသင်းကို အဝေးကွင်းမှာ ၃-၁နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂျူဗင်တပ် တိုက်စစ်မှူးရော်နယ်ဒိုက နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါ တယ်။



အဆိုပါ နှစ်ဂိုးစလုံးဟာ ပင်နယ်တီသွင်းဂိုးတွေသာ ဖြစ်ပြီး ထူးထူးခြားခြား တိုက်ဆိုက်မှုအဖြစ်ပြီးခဲ့တဲ့ အပတ်က ဘာစီလို နာအသင်းနဲ့ ကစားခဲ့စဥ်ကလည်း ပင်နယ်တီကတဆင့် ၂ဂိုးသွင်းယူခဲ့တာပါ။

ဒါကြောင့် ရော်နယ်ဒိုဟာ နောက်ဆုံး ၂ပွဲမှာ ၄ဂိုးသွင်းပြီး ၄ဂိုးစလုံးဟာ ပင်နယ်တီသွင်းဂိုးတွေ ဖြစ်နေတာကတော့ အနည်း ငယ် ပြောစမှတ် တွင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သွင်းဂိုးတွေဟာ သွင်းဂိုးတွေပဲမို့ ရော်နယ်ဒိုရဲ့ ဂိုးသွင်းစွမ်းရည်ကိုတော့ ချီးကျူးရမှာ ဖြစ်ပြီး နိုင်ပွဲကြောင့် လည်း အခြား သူမတူတဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါသေးတယ်။

ဒါကတော့ အခြားဘယ်သူမှ စွမ်းဆောင်ထားနိုင်ခြင်း မရှိတဲ့ နှစ် ၂၀အတွင်း နိုင်ပွဲအများဆုံး ကစားသမားအဖြစ် စံချိန် တင်လာတာပါ။ နိုင်ပွဲ ၄၀၀ကို နှစ် ၂၀အတွင်း ရရှိလာတာ ဖြစ်ပြီး လီယွန်နယ်မက်ဆီက ၃၆၅ပွဲ ဂိုးသမားကြီး ဘူဖွန်က ၃၅၀နဲ့ အသီးသီး ရပ်တည်နေပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဒီနိုင်ပွဲတွေကို မန်ချက်စတာယူနိုက်တက်၊ရီးရဲမက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်း ၃သင်းပေါင်း ရရှိထားတာ လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဂျီနိုအာနဲ့ပွဲဟာ ရော်နယ်ဒိုအတွက်တော့ ဂျူဗင်တပ်အသင်းနှင့်အတူ ပွဲ ၁၀၀မြောက် ကစားခဲ့ခြင်း ဖြစ်ပြီး သွင်းဂိုး ကလည်း ၇၇ဂိုးအထိ သွင်းယူနိုင်ပါပြီ။


ဆက်စပ်အကြောင်းအရာများ



က္က