လီဗာပူးလ်အသင်းဟာ ဂျာမနီဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်နဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ရှုံးထွက်မှာဆုံတွေ့နေပြီးဖေဖေါ်ဝါရီ၁၆ရက်နေ့မှာ ပထမအကျော့ပွဲစဉ်ကိုယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာအနိုင်ယူပြီး ၁၆သင်းအဆင့်ရှုံးထွက်ကိုတက်ရောက်နိုင်ခဲ့တဲ့ လိုက်ပ်ဇစ်ကို လျှော့မတွက်ဖို့ လီဗာပူးလ်အသင်းရဲ့ထာဝရဂိုးသွင်းဘုရင် အီရန်ရက်ရှ်ကသတိပေးလိုက်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဂျာမနီဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်နဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ရှုံးထွက်မှာဆုံတွေ့နေပြီးဖေဖေါ်ဝါရီ၁၆ရက်နေ့မှာ ပထမအကျော့ပွဲစဉ်ကိုယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ "လိုက်ပ်ဇစ်က ဘွန်ဒက်စ်လီဂါလိုခက်ခဲတဲ့ပြိုင်ပွဲမှာ တစ်ပွဲပဲရှုံးထားပြီး အဆင့်(၃)နေရာမှာရပ်တည်နေတဲ့အသင်းပါ။ သူတို့က မန်ချက်စတာယူနိုက်တက်နဲ့မတူညီတဲ့ပွဲစဉ်နှစ်ပွဲကို ယှဉ်ပြိုင်ကစားထားတဲ့ အတွေ့အကြုံလည်းရှိပါတယ်။ ယူနိုက်တက်က အသင်းကောင်းတစ်သင်းပါ။ ဒီလိုအသင်းကို လိုက်ပ်ဇစ်က သူတို့ရဲ့အိမ်ကွင်းမှာ ဘယ်လိုအနိုင်ကစားရမလဲဆိုတာကောင်းကောင်းသိတာကိုတွေ့ရပါတယ်။ ဒါက ရှူံးထွက်အဆင့်ပါ။ အမြဲလိုခက်ခဲပါတယ်။ သူတို့လည်းသူတို့ဘာလုပ်ရမလဲဆိုတာကို ကောင်းကောင်းသိနေပြီလို့ထင်ပါတယ်။" လို့ အီရန်ရက်ရှ်က လီဗာပူးလ်အသင်းကိုသတိပေးပြောကြားခဲ့ပါတယ်။ 

ဂျာမနီလူမျိုးနည်းပြ ယာဂင်ကလော့ပ်အနေနဲ့လည်း ဘွန်ဒက်စ်လီဂါပြိုင်ဘက်ဟောင်း လိုက်ပ်ဇစ်နဲ့ပြန်လည်ဆုံတွေ့ရမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့လက်ရှိလီဗာပူးလ်အသင်းလူစာရင်းမှာ ကစားသမားအများစုဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရပြီး ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မစ်ဂျေးလန်းနဲ့ပွဲစဉ်မှာလည်း ပေါ်တူဂီတိုက်စစ်မှူး ဂျိုတာ ဒဏ်ရာရခဲ့ပြီး နှစ်လခန့်အနားယူရတော့မှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းမှာ အဓိက,ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ဂျိုးစ်ဂိုမက်ဇ်၊သီယာဂိုလ်၊ဂျိမ်းစ်မီလ်နာ၊ ရှာကွီရီတို့ဒဏ်ရာကြောင့်အနားယူနေရပါတယ်။ 



က္က