အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာပါ။

နေမာအတွက်တော့ အသင်းဟောင်း ဘာစီလိုနာနဲ့ ပြန်လည်ရင်ဆိုင်ဖို့ အကြောင်းဖန်လာချိန်မှာ အခုလို ဒဏ်ရာရနေတာ ဟာ အနည်းငယ်တော့ စိတ်ကသိကအောက်ဖြစ်စေပေမယ့် ခွဲစိတ်စရာမလိုတော့တဲ့အတွက် ပီအက်စဂျီအတွက်ရော နေ မာအတွက်ပါ သတင်းကောင်းလို့ ဆိုရမှာပါ။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လိုင်ယွန်နဲ့ပွဲမှာ ပြိုင်ဖက် ကစားသမား မန်ဒက်စ်ရဲ့ ကြမ်းတမ်းစွာ ဖျက်ထုတ်ခြင်းကို ခံခဲ့ရတဲ့ နေမာဟာ ကွင်းအတွင်းမှ ထမ်းစင်နဲ့ ထွက်ခဲ့ရပါတယ်။



ဖြစ်စဥ်အရ နေမာရဲ့ ဘယ်ဖက် ခြေကျင်းဝတ်ဒဏ်ရာ ဆိုးရွားစွာ ထိခိုက်ဟန်ရှိခဲ့သော်လည်း ယခုအခါ ကနဦး ဆေးစစ် ချက်တွေအရ ခြေကျင်းဝတ်ရိုး ကျိုးခြင်း မရှိဘူးလို့ ပီအက်စ်ဂျီအသင်းက ထုတ်ပြန်ပေးလာပါတယ်။

ဒါကြောင့် နေမာအနေနဲ့ ခွဲစိတ်ခန်း ဝင်စရာမလိုတော့ပဲ အချိန်အနည်းငယ်မျှ ပေးပြီး ကုသလိုက်ရင် ပြန်လည်ပျောက်ကင်း ဖို့ ရှိနေတယ်လို့ AS သတင်ဌာနကဖော်ပြလာပါတယ်။

လက်ရှိ ထုတ်ပြန်ပေးတဲ့ သတင်းဟာ မှန်ကန်ပေမယ့်လည်း နေမာရဲ့ ဒဏ်ရာအတိမ်အနက်ကိုတော့ နောက်ထပ် ၄၈နာရီ အတွင်း ဆက်လက်စောင့်ကြည့်ဖို့ လိုသေးတယ်လို့လည်း သိရပါသေးတယ်။

နေမာရဲ့ ပီအက်စ်ဂျီအသင်းကတော့ ဒီကနေ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် မဲခွဲမှုရလဒ်အရ ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံ ကစားရပါမယ်။

ဒါကြောင့်လည်း ၂၀၁၇ခုနှစ်က စွန့်ခွာခဲ့တဲ့ အသင်းဟောင်းကို နေမာပြန်လည်ရင်ဆိုင်ရဖို့ ရှိပြီး ပီအက်စ်ဂျီအသင်းအတွက် လည်း ၂၀၁၇တုန်းက မမျှော်လင့်ခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်ဖို့ စိုင်းပြင်နေတော့မှာပါ။

နေမာအနေနဲ့ကတော့ ခွဲစိတ်ကုသစရာမလိုသည့်တိုင် ပြန်လည်ကြံ့ခိုင်ရေးအတွက် လေ့ကျင့်ခန်း ဝင်ရဖို့ရှိပြီး ကြံ့ခိုင်မှု ပြည့် မှသာလျှင် ဘာစီလိုနာနဲ့ပွဲကို ပါဝင်နိုင်မှာပါ။

ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁၇ရက်နေ့(သို့)၁၈ရက်နေ့မှာ ယှဥ်ပြိုင်ကစားစေမှာပါ။

Share

Loading Next Article...
က္က