သူကိုယ်တိုင်လည်း လက်ဝှေ့ လေ့ကျင့်ဖူးတယ်လို့ရော်နယ်ဒိုက ဆိုပါတယ်။

မန်ချက်စတာမှာရှိစဥ်တုန်းက လက်ဝှေ့ကို သင်ယူခဲ့ရပြီး လက်ဝှေ့လေ့ကျင့်ခန်းဟာလည်း ဘောလုံးမှာ အာရုံစူးစိုက်မှုနဲ့ လှုပ်ရှားမှုကို ပိုမို ကောင်းမွန်စေတယ်လို့ ရော်နယ်ဒိုက ထောက်ပြပြောလာပါတယ်။

ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုက သူ့အနေနဲ့ လက်ဝှေ့ပွဲနဲ့ တိုက်ခိုက်ရေးပညာရပ် အားကစားပြိုင်ပွဲတစ်ခုဖြစ်တဲ့ UFC တို့လို ပွဲတွေကို ကြည့်ရှုရတာ နှစ်သက်တယ်လို့ ထုတ်ဖော်ပြောလာပါတယ်။



“ဘောလုံးကစားခြင်းက ကျွန်တော်ရဲ့ စိတ်အားထက်သန်မှုပါ၊ဒါပေမယ့် တီဗွီကြည့်ဖို့ ဖွင့်လိုက်ရင်တော့ လက်ဝှေ့(သို့) UFCပွဲတွေကို ပိုပြီး ကြည့်ဖြစ်ပါတယ်။ဒါ့အပြင် ဘောလုံးပွဲ၊လက်ဝှေ့ပွဲနဲ့UFC ပွဲတွေ တိုက်ဆိုင်နေရင်လည်း လက်ဝှေ့(သို့) UFC ပွဲတစ်ပွဲပွဲကိုသာ ကြည့်ဖြစ်မှာပါ။”လို့ ရော်နယ်ဒိုက ပြောပါတယ်။

ဒီစကားကိုတော့ DAZN မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ “Parallel Worlds”အတွက် လက်ဝှေ့ကျော် ဂိုလော့ဗ်ကင်နဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာပါ။

ရော်နယ်ဒိုကတော့ အပြင်လောကမှာလည်း လက်ဝှေ့လောကနဲ့ မစိမ်းပဲ UFC အကျော်အမော် မက်ဂရီဂေါနဲ့လည်းတွေ့ဆုံ ဖူးပြီး - မန်ချက်စတာမှာတန်းက လက်ဝှေ့ထိုးနည်းသင်ခဲ့ရတဲ့အကြောင်း ပြောခဲ့ဖူးပါသေးတယ်။

“လက်ဝှေ့ လက်ကျင့်တာဟာ ဘောလုံးအတွက် အသုံးတည့်ပါတယ်၊အကြောင်းကတော့ အာရုံကို ပိုမို စူးစိုက်မိပြီး လှုပ်ရှား မှုကို ပိုမို မြန်ဆန်စေပါတယ်။”လို့ ရော်နယ်ဒိုက ဆိုပါတယ်။

လက်ရှိမှာတော့ ရော်နယ်ဒိုဟာ အသက် ၃၅နှစ်ရှိပြီ ဖြစ်ပေမယ့်လည်း ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်အတွက် ပွဲ ၁၀၀ပြည့် သာမက သွင်းဂိုးကလည်း ကစားသမားဘဝမှာ ၂၀၀၀ခုနှစ်အတွင်း ဂိုး ၄၀၀ ပထမဆုံး ပြည့်မြောက်သူ ဖြစ်လာပါတယ်။

“အသက် ၃၃နှစ်မှာ ဘယ်ကို ရွှေ့မလဲ စဥ်းစားတော့ အားကစားလောကထဲမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။လူတွေက တော့ကျွန်တော့်ကို အံ့အားသင့်ဖွယ် ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် အခုတော့ သူ ကျသွားပါပြီလို့ ပြောတာ လက်မခံနိုင် ပါဘူး။ကိုယ့်ခန္ဓာနဲ့ ပတ်သက်ပြီး အများကြီး ပြုပြင်လို့ရပါတယ်။အဓိက ပြဿနာကတော့ စိတ်နဲ့ သက်ဆိုင်နေတာပါပဲ။ စိတ်ခွန်အားက အဓိက အရေးကြီးပါတယ်။”လို့ ရော်နယ်ဒိုက ပြောပါသေးတယ်။

ရော်နယ်ဒိုကတော့ လက်ရှိအချိန်ထိ ကစားသမားဘဝမှာ ဘလွန်းဒီအောဆု ၅ကြိမ်၊ချန်ပီယံလိဂ်ဆုဖလား ၅ကြိမ်၊ပရီးမီး ယားလိဂ် ၃ကြိမ်၊၂၀၁၆ယူရိုဖလား တစ်ကြိမ်၊၂၀၁၉ နေးရှင်းလိဂ် တစ်ကြိမ်၊စီးရီးအေ ဆုဖလား ၂ကြိမ်အပါအဝင် မရေ တွက်နိုင်တဲ့ စပိန်ပြည်တွင်းဖလားပေါင်းများစွာကို ပိုင်ဆိုင်ထားသူပါ။

အခြားသော မရေတွက်နိုင်တဲ့ တစ်ဦးချင်း ထူးချွန်ဆုများစွာနဲ့ စံချိန်မှတ်တမ်းကောင်းတွေကိုလည်း ပိုင်ဆိုင်ထားသူ တစ်ဦး လည်း ဖြစ်ပါတယ်။

“အားကစားမှာ ရင့်ကျက်မှုကို ရစေနိုင်ပါတယ်၊တင်းနစ်ကစားသမား ရော်ဂျာကိုကြည့်လိုက်ပါ၊သူ့အသက် ၃၇၊၃၈ ဖြစ်နေ ပေမယ့် သူ့ရဲ့ အကောင်းဆုံး လက်ရည်ကို ပိုင်ဆိုင်ထားဆဲပါ၊လက်ဝှေ့မှာလည်း ထိုးနည်းလည်းကောင်းပါပဲ၊”လို့ ရော်နယ်ဒို က ဆိုပါတယ်။

လက်ရှိမှာတော့ ရော်နယ်ဒိုဟာ စီးရီးအေ ၇ပွဲကစားအပြီး ၁၀ဂိုးထိသွင်းယူထားပြီး ဖြစ်သလို ဂျူဗင်တပ်အတွက် ကစားပေး ထားတဲ့ နောက်ဆုံး ၂ပွဲမှာလည်း ၄ဂိုးထိ သွင်းယူပေးထားနိုင်ပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်အသင်းကိုလည်း ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကို ပို့ဆောင်ထားနိုင်ပြီး ပေါ်တိုအသင်း နဲ့ တွေ့ဆုံနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က