မိုဗစ်ဟာ လက်ရှိမှာလည်း အသက် ၄၀ထဲကို ဝင်နေပြီ ဖြစ်ပြီး အနည်းဆုံး ၅နှစ်ကိုတော့ ဘောလုံးကို လွယ်လွယ်ကူကူ ကစားနိုင်သူလို့ ရွိုင်အိုလာက မှတ်ချက်ပေးခဲ့ပါသေးတယ်။

အေစီမီလန်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ အသက် ၅၀လောက်အထိ ကစားနိုင်လိမ့်မယ်လို့ ၎င်းရဲ့ အေးဂျင့် ဖြစ်သူ ရွိုင်အိုလာက နောက်ပြောင် ပြောဆိုလာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ကတည်းက အသက် ၃၉နှစ်ပြည့်ပြီးတဲ့ မိုဗစ်ဟာ လက်ရှိအချိန်ထိ ခြေစွမ်းကောင်းတွေကို ပြသ နေဆဲ ဖြစ်ပါတယ်။

ခြေစွမ်းကောင်းမွန်နေသလို စီးရီးအေမှာလည်း ရော်နယ်ဒိုနဲ့အပြိုင် ဂိုးသွင်းခြေတွေ့နေပြီး ၁၀ဂိုးအထိ သွင်းယူပေး ထားနိုင်ပါပြီ။

လက်ရှိ သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းအရ ရွိုင်အိုလာပြောသလိုပဲ အသက် ၅၀လောက်အထိ ဘောလုံးကစားနိုင်မယ်ဆိုတာက တော့ ယုံကြည်ပေးလို့ရတဲ့ အနေအထားမှာတော့ ရှိနေတာ အမှန်ပါ။

“ကျွန်တော်တွေ့ဖူးတဲ့ သူ့အသက်အရွယ်လောက် အခြားကစားသမားတွေဟာ မောပန်းကုန်ကြပါပြီ။သူတို့တွေ အဲ့လို မစွမ်းဆောင်နိုင်တဲ့အပေါ်မှာတော့ ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။”လို့ ရွိုင်အိုလာက ဂိုးလ်ဒန်းဘွိုင်းဆုပေးပွဲ အခမ်းအနားကို တက်ရောက်စဥ် ပြောခဲ့တာပါ။

သူကိုယ်တိုင်ကလည်း အကောင်းဆုံး ဘောလုံး အေးဂျင့်ဆုကို ရရှိခဲ့ပြီး သူ့ရဲ့ ကစားသမားတွေဟာလည်း မိုဗစ်၊ပေါ့ဂ်ဘာ တို့လို ကစားသမားမျိုးတွေကို ပိုင်ဆိုင်ထားသူပါ။

“သူငြီးငွေ့နေတာ တစ်ခုမှ မမြင်ဖူးပါဘူး။ကျွန်တော့်အထင် သူအနည်းဆုံး ၅နှစ်လောက်တော့ လွယ်လွယ်ကူကူ ကစားနိုင်ပါသေးတယ်။တကယ်တော့ ကျွန်တော် သူ့ကို ဖန်တီးခဲ့တာပါ။အသက် ၅၀အထိ ဘောလုံးကန်ပါလိမ့်မယ်။”လို့ ရွိုင်အိုလာက ဆိုပါတယ်။

တဆက်တည်းမှာပဲ ရွိုင်အိုလာက မိုဗစ်အနေနဲ့ ယူနိုက်တက်နဲ့ စာချုပ်ပြည့်ပြီးနောက် ဂလက်ဆီကို ပြောင်းရွှေ့ခဲ့တာ မှားတယ်လို့ သုံးသပ်မိပေမယ့်လည်း အနားယူချိန်မှာ ဒီအတွေ့အကြုံတွေက အထောက်အကူပြုမယ်လို့လည်း ပြောပါ သေးတယ်။

“မေဂျာလိဂ်ကို သူ့ကို ခေါ်သွားခဲ့မိတာ နောင်တရမိပါတယ်။အဲ့ဒီမှာ အချိန်တွေ အလကားကုန်စေခဲ့ပါတယ်။အနာဂတ်မှာ တော့သူဟာ အရေးပါလာပါလိမ့်မယ်၊ယူအီးအက်ဖ်အေရဲ့ ဥက္ကဌလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။”လို့ ဆက်လက် ဆိုပါတယ်။

မိုဗစ်ရဲ့ အေစီမီလန်အသင်းဟာ လက်ရှိအချိန်မှာလည်း စီးရီးအေကို ဦးဆောင်နေပြီး ၉ နှစ်လောက် ဝေးကွာနေတဲ့ အမှတ်ပေးဖလားအတွက် အကောင်းဆုံးတိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။



က္က