မန်စီးတီးကလည်း မက်ဆီကို အလိုရှိနေတာပါ။

မက်ဆီကတော့ ဘာစီလိုနာနဲ့ ရာသီကုန်ရင် စာချုပ်ပြည့်မှာ ဖြစ်ပြီး မန်စီးတီးအပြင် ပီအက်စ်ဂျီအသင်းကလည်း မက်ဆီကို ခေါ်ယူချင်နေတာပါ။

မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာမယ်ဆိုရင် မန်စီးတီးက အသင့်တော်ဆုံးလို့ မက်ဆီရဲ့ အာဂျင်တီးနား ကစားဖော်ဟောင်း ဇာဘလက်တာက အကြံပေး ပြောဆိုလိုက်ပါတယ်။



ဇာဘလက်တာဟာ အသက် ၃၅နှစ်အရွယ်မှာပဲ ကစားသမားဘဝက အနားယူခဲ့ပြီ ဖြစ်ကာ တစ်ချိန်က မန်စီးတီးရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းရဲ့ ကစားသမားလည်း ဖြစ်ခဲ့တဲ့ ဇာဘလက်တာဟာ မက်ဆီကို မန်စီးတီးအသင်းထံသာ ပြောင်းရွှေ့ ကစားစေချင်နေတာလည်း ဖြစ်ပါတယ်။

“ဘာစီလိုနာအသင်းနဲ့ နောက်ဆုံး စာချုပ်ဖြစ်လာမယ့်နှစ်ကို ကျွန်တော် မတွေးခဲ့ဖူးပါဘူး။ဒါပေမယ့် အသင်းရဲ့ ကစား ပုံဟာလည်း ကျဆင်းလာတာနဲ့အတူ သူလည်း ဘောလုံးကစားရတာကို မပျော်မရွှင်ဖြစ်နေဟန်တူပါတယ်။ ရာသီ အကုန်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ တစ်ချက်ကြည့်ရပါမယ်။”လို့ဇာဘလက်ာက ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း ဘယ်ကစားသမားမဆို ပရီးမီးယားလိဂ်မှာ ကစားချင်ကြပြီး မက်ဆီအနေနဲ့ ဘာစီလိုနာက ထွက်မယ်ဆိုရင် မန်စီးတီးက အသင့်တော်ဆုံး အသင်းဖြစ်လာမှာပါလို့ ဇာဘလက်တာက ပြောလာပါသေးတယ်။

“ပရီးမီးယားလိဂ်ဆိုတာ ကမ္ဘာပေါ်က အ‌ကောင်းဆုံး လိဂ်တစ်ခုဖြစ်သလို မက်ဆီလည်း သွားကစားချင်မယ်လို့ ထင်ပါ တယ်။အဲ့လို သွားရင်တော့ မန်စီးတီးက သူ့အတွက် အသင့်တော်ဆုံးဖြစ်မှာပါ။သူ အင်္ဂလန်မှာ ကစားနေတာကိုလည်း မြင်ချင်ပါတယ်။”လို့ ဇာဘလက်တာက ဆက်လက်ဆိုပါတယ်။

လက်ရှိမှာတော့ မက်ဆီနဲ့ ဘာစီလိုနာရဲ့ စာချုပ်ဟာ ရာသီကုန်ရင် ပြည့်မှာ ဖြစ်ပြီး လက်ရှိရနေတဲ့ လစာကို လျော့ယူ နိုင်မှသာလျှင် မက်ဆီအနေနဲ့ ဘာစီလိုနာမှာ ဆက်နေနိုင်မယ်လို့လည်း အနာဂတ် အသင်းဥက္ကဌ ဖြစ်လာနိုင်ချေရှိသူ တစ်ဦးက ပြောထားပါတယ်။

မက်ဆီအနေနဲ့ လက်ရှိမှာ ဘာစီလိုနာအတွက် လာလီဂါမှာ ၅ဂိုးသွင်းပြီး ၂ဂိုးဖန်တီးပေးထားနိုင်ပြီး ချန်ပီယံလိဂ် ၁၆သင်း အဆင့်ကိုလည်းတက်လှမ်းထားနိုင်ပါတယ်။

Share

Loading Next Article...
က္က