မန်ချက်စတာယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်မှာ နှစ်နှစ်ကြာကျင်လည်ခဲ့ပြီးနောက်မှာ လိုင်ယွန်ကို ပြောင်းရွှေ့ခဲ့တာပါ။
Ye Yint Htay

ဘာစီလိုနာအသင်းရဲ့ဇန်နဝါရီဈေးကွက်ပစ်မှတ်ဖြစ်တဲ့ မန်ပစ်ဒီပိုင်းက လိုင်ယွန်မှာပျော်ရွှင်နေပြီး အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ လိုင်ယွန်နဲ့အတူချန်ပီယံလိဂ်ဝင်ခွင့်ရရေးကိုရည်ရွယ်ကြိုးပမ်းနေတယ်လို့ဆိုလာပါတယ်။ 

ဒီပိုင်းရဲ့ပြောစကားက ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ မက်ဆီနဲ့တွဲဖက်ကစားဖို့တိုက်စစ်မှူးတစ်ဦးရှာဖွေနေတဲ့ ဘာစီလိုနာအသင်းအတွက်စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ နယ်သာလန်တိုက်စစ်ကစားသမား ဒီပိုင်းကို နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာကတည်းကခေါ်ယူဖို့ကြိုးပမ်းခဲ့တာဖြစ်ပြီးလွဲချော်ခဲ့ရတဲ့အတွက် လာမယ့်ဇန်နဝါရီဈေးကွက်မှာအရခေါ်ယူနိုင်ဖို့ချိန်ရွယ်နေတာပါ။ 

"အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ အလုပ်ကြိုးစားဖို့နဲ့ နိုင်ပွဲတွေရယူနိုင်ဖို့အတွက်ကအရေးကြီးပါတယ်။ ကလပ်အသင်းတွေစိတ်ဝင်စားနေကြမယ့် အခုကျွန်တော်က လိုင်ယွန်မှာပါ။ ကျွန်တော်တို့ နိုင်လိုစိတ်ပြင်းထန်ပြီးဖျော်ဖြေမှုပေးနိုင်တဲ့အသင်းဖြစ်အောင် အတူလက်တွဲကြိုးပမ်းနေပါတယ်"လို့ ဒီပိုင်းကပြောပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့အတူပရီးမီးယားလိဂ်မှာ နှစ်နှစ်ကြာကျင်လည်ခဲ့ပြီးနောက်မှာ ပြောင်းရွှေ့ကြေး ပေါင်၁၇သန်းနဲ့လိုင်ယွန်ကို ဒီပိုင်းပြောင်းရွှေ့လာခဲ့တာပါ။ ပြီးခဲ့တဲ့ဘောလုံးရာသီက လိုင်ယွန်အတွက် ပြိုင်ပွဲစုံ ၂၂ပွဲမှာ ၁၅ဂိုးသွင်းနိုင်ခဲ့ပြီး ဒီရာသီလီဂူးပွဲစဉ် ၁၄ပွဲမှာလည်း၆ဂိုးသွင်းယူထားနိုင်တဲ့ ဒီပိုင်းရဲ့ခြေစွမ်းက ဘာစီလိုနာအပါအဝင်ဥရောပထိပ်တန်းကလပ်တွေအတွက် မျက်စိကျစရာဖြစ်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က