စပိန်တိုက်စစ်မှုးဟာ ဒီရာသီ ဂျုဗင်တပ်းရဲ့ ဦးစားပေးတိုက်စစ်မှုး ဖြစ်နေပြီး ၁၂ ပွဲကစားပြီးချိန်မှာ ၉ ဂိုးသွင်းယူထားနိုင်ပါတယ်။
Ye Yint Htay

အက်သလက်တီကိုမက်ဒရစ်အသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့လာရောက်ကစားနေတဲ့ စပိန်တိုက်စစ်မှူး မိုရာတာကို ဂျုဗင်တပ်အသင်းအနေနဲ့ ရာသီကုန်မှာ အမြဲတမ်းစာချုပ်တစ်ရပ်ချုပ်ဆိုပြီး အပြီးသတ်ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့ပြီလို့ ကစားသမားအေးဂျင့်က အတည်ပြုပြောကြားပါတယ်။ 

မိုရာတာရဲ့တန်ကြေးကိုတော့ ယူရို၄၁သန်းဝန်းကျင်သတ်မှတ်ထားပြီး အက်သလက်တီကိုမက်ဒရစ်နဲ့ ဂျုဗင်တပ်အသင်းတို့အကြား ညှိနှိုင်းမှုတွေဆက်လက်ပြုလုပ်ရမှာဖြစ်ပါတယ်။ အသက်၂၈နှစ်အရွယ် စပိန်တိုက်စစ်မှုးဟာ ဒီရာသီ ဂျုဗင်တပ်အသင်းရဲ့ဦးစားပေးတိုက်စစ်မှုးတစ်ဦးဖြစ်နေပြီး အသင်းအတွက် ၁၂ပွဲကစားပြီးချိန်မှာ ၉ဂိုးသွင်းယူထားနိုင်ပါတယ်။ မိုရာတာရဲ့အေးဂျင့် ဂျုအန်မာလိုပက်ဇ်က ဂျုဗင်တပ်ဥက္ကဌ အန်နယ်လီနဲ့ဆွေးနွေးမှုအရ နားလည်မှုရထားပြီး ရာသီကုန်မှာအမြဲတမ်းစာချုပ်,ချုပ်ဆိုနိုင်မယ်လို့ယုံကြည်ကြောင်းဆိုပါတယ်။ 

မိုရာတာဟာ ၂၀၁၄ကနေ ၂၀၁၆ခုနှစ်အထိ ဂျုဗင်တပ်မှာကစားခဲ့ဖူးပြီးနောက် ရီးယဲလ်မက်ဒရစ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၂၀ဘောလုံးရာသီမှာတော့ အက်သလက်တီကိုမက်ဒရစ်ကနေ အငှားစာချုပ်တဲ့ ဂျုဗင်တပ်ကိုပြန်လည်ပြောင်းရွှေ့ကစားနေတာပါ။ အက်သလက်တီကိုမက်ဒရစ်ဟာ မိုရာတာကို ချယ်လ်ဆီးကနေခေါ်ယူခဲ့ပြီးနောက် ဘာစီလိုနာအသင်းက ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကိုစာချုပ်ခေါ်ယူခဲ့တဲ့အတွက် မိုရာတာကို စီးရီးအေကို အငှားချဖို့ဆုံးဖြတ်ခဲ့တာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က