ပွဲအပြီမှာ တစ်ဖက်တစ်ဂိုးစီ သရေကျသွားပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ ပင်နယ်တီပေါင်း ၁၃၃လုံးဝင်အောင် ကန်သွင်းထားနိုင်ပြီး ၂၆လုံးလွဲချော်ထားတယ် လို့ transfer market.com စစ်တမ်းအရ သိရပါတယ်။

ဂျူဗင်တပ်အသင်းဟာ အတ္တလန်တာအသင်းကို အိမ်ကွင်းမှာ အနိုင်ကမစားနိုင်ခဲ့ပဲ တစ်ဖက်တစ်ဂိုးစီသာ သရေပွဲ ဖြစ်ခဲဲ့ပါတယ်။



ဒါပေမယ့်လည်း တိုက်စစ်မှူး ရော်နယ်ဒို ပင်နယ်တီ ကန်သွင်းခွင့်ကြုံခဲ့ပြီး ဒီပင်နယ်တီကိုတော့ အတ္တလန်တာ ဂိုးသမား ဂိုလ်လီနီကာကွယ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ဂိုလ်လီနီဟာ ၂၀၁၉ ဇန်နဝါရီလက ချီယေဗိုဂိုးသမား စတီဖာနိုပြီးရင် ရော်နယ်ဒိုရဲ့ ပင်နယ်တီကန်သွင်းမှုကို ကာကွယ်နိုင်တဲ့ ပထမဆုံး ဂိုးသမားဖြစ်လာတယ်လို့လည်း BBC SPORTက ဖော်ပြလာပါတယ်။

ရော်နယ်ဒိုအနေနဲ့ ချီယေဗိုနဲ့ပွဲမှာ ပင်နယ်တီ မဝင်ခဲ့သလို ဒီကြားထဲမှာကစားခဲ့တဲ့ အေစီမီလန်၊ဆမ်ဒိုးရီးယားတို့ပွဲမှာ လည်း ပင်နယ်တီ မဝင်ခဲ့ပါဘူး။

ဒါပေမယ့် အေစီမီလန်နဲ့ဆမ်ဒိုးရီးယား ဂိုးသမားတွေက ရော်နယ်ဒို ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တာ မဟုတ်ပဲ ရော်နယ် ဒိုကိုယ်တိုင်က ဘောလုံးကို တိုင်ထိအောင် ကန်သွင်းမိခဲ့တာပါ။

ဒါကြောင့် ရော်နယ်ဒိုရဲ့ ပင်နယ်တီကို နောက်ဆုံး ကာကွယ်ထားနိုင်သူက ချီယေဗိုဂိုးသမားဖြစ်လို့ ယခုအခါ အတ္တလန်တာ ဂိုးသမား ဂိုလ်လီနီက ချီယေဗိုဂိုးသမားပြီးနောက် ရော်နယ်ဒို ပင်နယ်တီကို ပထမဆုံးကာကွယ်နိုင်သူ ဖြစ်လာတာပါ။

ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ ပင်နယ်တီပေါင်း ၁၃၃ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး ၂၆ဂိုး လွဲချော်ထားတယ်လို့ transfer market.com ရဲ့ စစ်တမ်းအရ သိရပါတယ်။

လက်ရှိမှာတော့ ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်ဟာ စီးရီးအေ အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက အေစီမီလန်အသင်းအောက် ၄မှတ်လျော့နည်းနေပါတယ်။

Share

Loading Next Article...
က္က