ဘွန်ဒက်စ်လီဂါသွင်းဂိုး ၂၅၀ ပြည့်မြောက်ခဲ့ပါပြီ။

သွင်းဂိုး ၃၆၅ဂိုးသွင်းထားတဲ့ ဂတ်မူလာ ၂၆၈ဂိုးသွင်းထားတဲ့ ဖစ်ရှာတို့ပြီးရင် တတိယမြောက် သွင်းဂိုးအများဆုံး ကစား သမားအဖြစ် သွင်းဂိုး ၂၅၀အထိသွင်းယူနိုင်ခဲ့ပါပြီ။

ဝုလ်ဘတ်အသင်းကို ၂-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်တစ်ဦးတည်းက ၂ဂိုးသွင်းယူပေးခဲ့တာ ပါ။



ဒီသွင်းဂိုး ၂ဂိုးကြောင့်ပဲ လီဝန်ဟာ ဘွန်ဒက်စ်လီဂါ သမိုင်းမှာ ဂတ်မူလာ၊ဖစ်ရှာတို့ နည်းတူ သမိုင်းဝင်ကစားသမား တစ်ဦး ဖြစ်လာခဲ့တာပါ။

လီဝန်ဟာ ဘွန်ဒက်စ်လီဂါ သွင်းဂိုးပေါင်း ၂၅၀ ပြည့်မြောက်သွားပြီ ဖြစ်လို့ ဘွန်ဒက်စ်လီဂါမှာ သွင်းဂိုးပေါင်း ၃၆၅ဂိုး သွင်း ထားတဲ့ ဂတ်မူလာ၊၂၆၈ဂိုးသွင်းထားတဲ့ ဖစ်ရှာတို့ပြီးရင် တတိယမြောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာခဲ့ပါပြီ။

ဒီလို သွင်းဂိုး ၂၅၀ပြည့်မြောက်ဖို့အတွက်လည်း လီဝန်ဟာ ပွဲပေါင်း ၃၃၂ပွဲသာ ကစားဖို့ လိုခဲ့ပြီး ပွဲပေါင်း ၄၆၀ကစားထား တဲ့ ဖစ်ရှာထက် ပိုမို မြန်ဆန်နေခဲ့ပေမယ့် မူလကတော့ လီဝန်ထက် ပိုမြန်ခဲ့ပြီး ၂၈၄ပွဲသာ ကစားဖို့ လိုခဲ့တယ်လို့ စစ်တမ်း အရသိရပါတယ်။

လီဝန်ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါ ပထမဆုံး သွင်းဂိုး ၇၄ဂိုးကိုတော့ ဒေါ့မွန်အသင်းနဲ့ ၁၃၁ပွဲကစားပြီး ရယူခဲ့တာ ဖြစ်ပြီး နောက်ထပ် ၁၇၆ဂိုးကိုတော့ လက်ရှိ ဘိုင်ယန်အသင်းနဲ့ ၂၀၁ပွဲကစားအပြီးမှ ဆက်လက်သွင်းယူနိုင်ခဲ့တာပါ။

သွင်းဂိုး ၂၅၀မှာတော့ ဘယ်ခြေဖြင့် ၄၃ဂိုး၊ညာခြေဖြင့် ၁၆၄ဂိုး၊ခေါင်းတိုက်သွင်းဂိုး ၄၁ဂိုးနဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတို့နဲ့ ထိပြီး သွင်းယူတဲ့ ၂ဂိုးတို့ ပါဝင်ပါတယ်။

သွင်းဂိုးတွေကိုတော့ ဂိုးဧရိယာ အတွင်းထဲမှာ ပိုမိုသွင်းယူထားနိုင်တာ တွေ့ရပြီး ဂိုးဧရိယာ အပြင်ဖက်က သွင်းဂိုးက ၁၆ဂိုး သာ ပါဝင်နေပါတယ်။

ပင်နယ်တီ ၂၉ဂိုးလုံးအပါအဝင် ဂိုးဧရိယာ အတွင်းထဲက သွင်းယူတဲ့ ဂိုးအရေအတွက်ဟာ ၂၃၄ဂိုးအထိရှိနေတာကလည်း ၁၈ကိုက်စည်းအတွင်း ကြောက်စရာကောင်းတဲ့ တိုက်စစ်မှူး တစ်ဦးဆိုတာ ပေါ်လွင်စေပါတယ်။

လီဝန်ဟာ ၂၀၁၀မှာ ဒေါ့မွန်ကို ရောက်ရှိလာပြီး ချက်ခြင်းဆိုသလို ဒေါ့မွန်အသင်းကို ဘွန်ဒက်လီဂါ ဆုဖလားကို ကိုင်မြှောက်နိုင်စေခဲ့သလို ၂၀၁၁-၁၂ဘောလုံးရာသီမှာလည်း ဂျာမာန်ပိုကယ်ဖလားနဲ့ ၂၀၁၂-၁၃ဘောလုံးရာသီမှာတော့ ချန် ပီယံလိဂ် ဗိုလ်လုပွဲထိ ခေါ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

အဲ့နောက် ၂၀၁၄မှာတော့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး နှစ်တိုင်း ဘွန်ဒက်စ်လီဂါဆုဖလားကို ကိုင် မြှောက်နိုင်ကာ နောက်ဆုံးမှာတော့ သူအရမ်း ကိုင်မြှောက်ချင်နေခဲ့တဲ့ ချန်ပီယံလိဂ်ဆုဖလားကြီးကို မနှစ်က ဘောလုံးရာ သီမှာ ကိုင်မြှောက်ခွင့်ရခဲ့ပါပြီ။


က္က