ယခုနှစ်အတွက်ကိုမူ စီးရီးအေ ၁၂ဂိုးသွင်းယူထားပြီးပါပြီ။

ရော်နယ်ဒိုဟာ ၂၀၂၀ခုနှစ်အတွင်း စီးရီးအေ သွင်းဂိုး ၃၃ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်လို့ စီးရီးအေ သမိုင်းမှာ စတုတ္ထမြောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်လာကာ ယခုနှစ်အတွက် လက်ကျန် စီးရီးအေတစ်ပွဲမှာသာ တစ်ဂိုးထပ်မံ သွင်းယူနိုင်ပါက တတိယသွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာတော့မှာပါ။

ပါးမားကို အဝေးကွင်းမှာ ၀-၄နဲ့ အနိုင်ရလိုက်တဲ့ပွဲမှာ ဂျူဗင်တပ်အသင်းအတွက် ၂ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ စီးရီး အေမှာ ၅၉နှစ်အတွင်း ဘယ်သူမှ လိုက်မမီထားနိုင်တဲ့ စံချိန်တစ်ခုကို ရရှိခဲ့ပြန်ပါတယ်။



ဒီစံချိန်ကတော့ ပြက္ခဒိန် နှစ် တစ်နှစ်အတွင်းမှာ သွင်းဂိုးအများဆုံး စတုတ္ထဂိုးသမားအဖြစ် သွင်းဂိုး ၃၃ဂိုးအထိ ပိုင်ဆိုင်လာ စေခဲ့တာပါ။

ရော်နယ်ဒိုဟာ ဒီစံချိန်ကို ယခင် ဂျူဗင်တပ် တိုက်စစ်မှူးအိုမာဆီဗိုရီရဲ့ ၁၉၆၁ခုနှစ်က တင်ရှိခဲ့တဲ့ ၃၃ဂိုးနဲ့ တူညီခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်းမှာ တတိယမြောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဆီဗိုရီနဲ့ ရော်နယ်ဒိုတို့ ပူးတွဲ ရပ်တည်နေကာ ဒုတိယအများဆုံးအဖြစ် ၁၉၅၀မှာ ဂန်းနားနော်ဒဲလ်က သွင်းဂိုး ၃၆ဂိုးသွင်းထာားပြီး သွင်းဂိုး အများဆုံး ကစားသမားကတော့ ဖီလီစီဘိုရယ်ဖြစ်ကာ ၁၉၃၃ခုနှစ်မှာ ၄၁ဂိုးအထိသွင်းယူခဲ့တာပါ။

ရော်နယ်ဒိုအနေနဲ့ တတိယသွင်းဂိုးအများဆုံး ကစားသမားနေရာကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ခွင့်ကို ပိုင်ဆိုင် နိုင် သေးပြီး လာမယ့် အင်္ဂါနေ့မှာ ဖီအိုရင်တီးနားနဲ့ ကစားရဖို့ရှိပါသေးတယ်။

အဆိုပါပွဲမှာ အနည်းဆုံး တစ်ဂိုးသွင်းယူနိုင်လိုက်တာနဲ့ ရော်နယ်ဒိုဟာ စီးရီးအေမှာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း တတိယ မြောက် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာတော့မှာပါ။

အဆိုပါ ၃၃ဂိုးကိုတော့ ရော်နယ်ဒိုဟာ ညာဖက်ခြေထောက်နဲ့ ၂၇ဂိုးကန်သွင်းယူထားပြီး ဘယ်ခြေဖြင့် ၄ဂိုးသွင်းကာ ခေါင်း တိုက် ၂ဂိုးသွင်းထားပါတယ်။

ယခုနှစ် ဘောလုံးရာသီ စီးရီးအေ ပြိုင်ပွဲမှာတော့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းအတွက် ၉ပွဲပါဝင်ကစားထားရာမှာ ၁၂ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးထားနိုင်ပြီလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က