ဘဝမှာ တစ်ကြိမ်သာ ရရှိမှာပါ။

ဒီဆုဟာ အသက် ၂၈နှစ်နှင့်အထက် ကစားသမားတွေကိုသာ ရွေးချယ်ပေးအပ်တာ ဖြစ်ပြီး ဘဝတစ်သက်တာ မှာလည်း တစ်ကြိမ်သာ လက်ခံနိုင်တာလို့သိရပါတယ်။

၂၀၂၀ ခုနှစ်အတွက်ရွှေခြေထောက်ပိုင်ရှင်ကို ဒီဇင်ဘာလ ၁ရက်နေ့ကတည်းက ကြေညာထားခဲ့တာ ဖြစ်ပေမယ့် လည်း မနေ့ကမှ အဆိုပါဆုကို ရော်နယ်ဒိုဟာ မိုနာကိုမြို့မှာ သွားရောက် လက်ခံခဲ့ပါတယ်။



ဒီဆုကို ကစားသမားတစ်ဦးဟာ ဘဝမှာ တစ်ကြိမ်သာ လက်ခံခွင့်ရှိတာ ဖြစ်တာကြောင့် နောက်ထပ်တစ်ကြိမ် တော့ ရော်နယ်ဒို ရရှိတော့မှာ မဟုတ်ပါဘူး။

တကယ့် ကစားသမားရဲ့ ခြေထောက်ပုံကို နှိပ်ပေးရတာ ဖြစ်ပြီး ရော်နယ်ဒိုအတွက်တော့ ဆုတံဆိပ်အသစ်တစ်ခု သူ့ရဲ့ ဆုတံဆိပ် ပြခန်းကို ထပ်မံ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

“ဒီဆုကို လက်ခံရတဲ့အတွက် ဂုဏ်ယူပါတယ်၊အခြား ချန်ပီယံတွေလို ကျွန်တော့် ခြေရာလည်း နင်းခွင့်ရှိလို့ အင်မ တန်ပျော်ပါတယ်၊ဒါကြောင့် ကျွန်တော့်ကို ရွေးချယ်ပေးခဲ့ကြတဲ့ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။အမြဲ တမ်း အကောင်းဆုံး ကြိုးစားပေးဆပ်သွားမှာပါ။”လို့ ရော်နယ်ဒိုက ဆိုခဲ့ပါတယ်။

ရွှေခြေထောက်ပိုင်ရှင်တွေကို ရွေးချယ်ရာမှာတော့ တစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေး အကြောင်းအရာတွေကို အခြေခံပြီး တစ်ဦးချင်းနဲ့ အသင်းလိုက်အောင်မြင်မှုတွေအပေါ်မှာ ပေးအပ်တာလို့သိရပါတယ်။

ဒါ့အပြင် လက်ရှိ ကစားနေဆဲ ကစားသမားတစ်ဦး ဖြစ်ရမှာ ဖြစ်သလို အသက်ကလည်း အနည်းဆုံး ၂၈နှစ်ရှိနှင့်ပြီး သူတွေကိုပဲ တစ်သက်တာအတွက် ရွေးချယ်ပေးအပ်တာပါ။

၂၀၀၉ခုနှစ်က စတင်ပြီး ရွှေခြေထောက်ပေးအပ်ပွဲကို ပရိဟိတပွဲတစ်ခုနဲ့အတူ ပူးပေါင်း ကျင်းပလာခဲ့တာပါ။အဆို ပါ ပရဟိတကတော့ AIDSရောဂါတိုက်ဖျက်ရေးအတွက် ရန်ပုံငွေ ရှာဖွေရေးပွဲဖြစ်ပါတယ်။

မနှစ်က ဒီဆုကို လူကာမိုဒရစ်က ဆွတ်ခူးရရှိခဲ့ပြီး အံ့အားသင့်ဖွယ်ရာပဲ ဘာစီလိုနာအသင်းရဲ့ ဘလွန်းဒီအော ၆ဆုရှင် မက်ဆီကတော့ ရရှိထားနိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က