ဆေးရုံကို ချက်ခြင်း ပို့‌ဆောင်ခဲ့ပေမယ့် အသက်မမီခဲ့ပါဘူး။

လောရီးယန့် ၀-၃ ရန်းနက်စ်ပွဲအပြီးမှာ မီးဆိုင်းသိမ်းရင်း မတော်တဆ ပြုတ်ကျခဲ့တာ ဖြစ်ကာ သေဆုံးသူကတော့ ကလေး ၃ဦးရဲ့ ဖခင် စေတနာ့ဝန်ထမ်းလို့သိရပါတယ်။

ပြင်သစ်လီဂူးဝမ်းပွဲစဥ်တစ်ပွဲဖြစ်တဲ့ လောရီးယန့်နဲ့ ရန်းနက်စ်အသင်းတို့ပွဲစဥ်မှာ မီးဆိုင်းပြုတ်ကျခဲ့လို့ ဝန်ထမ်း တစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ Daily Mail က ဖော်ပြ လာပါတယ်။

အသက် ၃၈နှစ်အရွယ် အဆိုပါဝန်ထမ်းကို ဖြစ်ဖြစ်ချင်း ဆေးရုံကို ခေါ်ဆောင်ပေးခဲ့ပေမယ့်လည်း စိတ်မကောင်းစွာ ပဲ အသက်ဆုံးရှုံးခဲ့ရတာပါ။

ဖြစ်ပွားချိန်ကတော့ ပြင်သစ်ဒေသစံတော်ချိန် ည ၇နာရီလောက်မှာ ဖြစ်ပြီး ပွဲပြီးဆုံးချိန်မှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ကွင်းရုံ လုပ်သားဟာ ပွဲပြီးလို့ မီးဆိုင်းကို တွန်းရွှေ့ သိမ်းဆည်းဖို့ ကြိုးစားခဲ့ရာမှာ မတော်တဆ လဲကျပြီး သူ့အပေါ်ပိသွားခဲ့သလို ဖြစ်ခဲ့တာပါ။

ပုံမှန် မြင်တွေ့ရတဲ့အတိုင်းဆိုရင် မီးဆိုင်းဟာ တွန်းရွှေ့လို့ လွယ်အောင် ဘီးနဲ့ တပ်ဆင်ထားပြီး အဆိုပါ ဝန်ထမ်းက သိမ်းဆည်းဖို့ လုပ်ဆောင်နေရင်း မတော်တဆ လဲကျသွားခဲ့ဟန်ရှိပါတယ်။

ဖြစ်စဥ်ကို ကြားသိသိချင်း နှစ်ဖက်အသင်းတာဝန်ရှိသူတွေ ထွက်လာပြီး ဝန်ထမ်းကို ကွင်းအတွင်း အရေးပေါ် ကုသမှုတွေ ပေးခဲ့ကြပါတယ်။

အဲ့နောက် ဒေသခံ မီးသတ်အဖွဲ့စအစည်းလည်း ရောက်ရှိလာပြီး ကွင်းအတွင်း ဖွဲ့စည်းထားတဲ့ မီးဆိုင်းများကို လိုက်လံစစ်ဆေးခဲ့ကြပါတယ်။

သေဆုံးသွားတဲ့ ကွင်းရုံလုပ်သားဟာ အဆိုပါ လောရီးယန့် အသင်းအတွက် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ပေး နေတဲ့ ကလေး ၃ား ဖခင်တစ်ဦးလည်း ဖြစ်ပါတယ်။

အခြား ကွင်းရုံလုပ်သားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ပေမယ့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မျိုးတော့ မရှိခဲ့ကြပါဘူး။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး လောရီးယန့်မြို့တော်ဝန်က - “ကြောက်မက်ဖွယ် မတော်တဆမှုပါပဲ၊ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ သတင်းထုတ်ပြန်ပေးနိုင်ဖို့ လောရီးယန့် ဒေသခံ ရဲတပ်ဖွဲ့က အသေးစိတ်စစ်ဆေးမှု တွေ ပြုလုပ်ပေးသွားပါမယ်။”လို့ ပြောခဲ့ပါတယ်။

အခင်းဖြစ်ပြီးနောက်မှာပဲ ချက်ခြင်းဆိုသလို လောရီးယန့် အသင်းစီမံခန့်ခွဲမှု အသင်းဟာ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ကွင်းရုံ လုံခြုံရေးပိုင်းကို အသေးစိတ်ဆွေးနွေးခဲ့ကြပါတယ်။



က္က