၁၃ပွဲကစား ၂၄မှတ်သာရထားပါတော့တယ်။
Kyaw Ko Ko Sint

ဘောရှုံးတာကတော့ ယနေ့မနက်မှာ ဖီအိုကို အိမ်ကွင်းမှာ ၃ဂိုးပြတ်အရေးနိမ့်ပြီး ၃မှတ်နစ်နာခဲ့သလို အမှုကတော့ ပွဲပျက်ခဲ့တဲ့ နာပိုလီနဲ့ပွဲကို မူလက ၃ဂိုး၃မှတ်ရရှိထားပေမယ့် ယခုအခါ ပွဲကို ပြန်လည်ကစားစေမှာကြောင့် အမှတ်မရတော့တာပါ။

ဂျူဗင်တပ်အသင်းဟာ ၂၀၂၀ခုနှစ်အတွက် နောာက်ဆုံး ပွဲစဥ်ဖြစ်တဲ့ ဖီအိုရင်တီးနားအသင်းနဲ့ ပွဲစဥ်ကို အိမ်ကွင်း ကစားရသော်လည်း ရက်ရက်စက်စက် ၃ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

ပွဲချိန် ၁၈မိနစ်လောက်မှာပဲ အားထားရတဲ့ ကွင်းလယ်လူ ကျူဒရာဒိုအနီကဒ်ပြသခံခဲ့ရလို့ တစ်ယောက်လျော့ခဲပြီး ၃ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။

ဒီရှုံးပွဲကြောင့် ဂျူဗင်တပ်အသင်းဟာ စီးရီးအေမှာ ရှုံးပွဲမရှိ ကစားထားနိုင်နေရာမှ ပထမဆုံးလိဂ်ရှုံးပွဲစတင်တွေ့ရှိခဲ့ လို့ စီးရီးအေမှာ အေစီမီလန် တစ်သင်းတည်းသာ ရှုံးပွဲမရှိ ကစားထားနိုင်ပါတော့တယ်။

ရှုံးပွဲနှင့်အတူ အဆိုးဆုံးကတော့ မူလအနိုင်သတ်မှတ်ထားခြင်း ခံထားရတဲ့ နာပိုလီအသင်းနဲ့ပွဲစဥ်က ရမှတ် ၃မှတ် ပြန်လျော့သွားတာပါပဲ။

နာပိုလီအသင်းဟာ ကိုဗစ်ကြောင့် ဂျူဗင်တပ်အသင်းရဲ့ အိမ်ကွင်းကို မူလစီစဥ်ခဲ့တဲ့ ပွဲချိန်အတိုင်း မလာနိုင်ခဲ့လို့ အိမ်ရှင် ဂျူဗင်တပ်ကို ၃ဂိုး ၃မှတ်အနိုင်ပေးသလို နာပိုလီအသင်းကိုလည်း တစ်မှတ်လျော့ပြစ်ဒဏ်ကို စီးရီးအေက ကနဦး ချမှတ်ခဲ့ပါတယ်။

ယခုအခါမှာတော့ နာပိုလီအသင်းက တရားရုံးကတဆင့် အယူခံ ဝင်ခဲ့ရာမှာတော့ အောင်မြင်ခဲ့တာကြောင့် မူလ သတ်မှတ်ထားချက်အားလုံး ပယ်ဖျက်ခံလိုက်ရပြီ ဖြစ်ပါတယ်။

အီတလီအိုလံပစ်ကော်မတီရဲ့ တရားဝင် စာမျက်နှာကနေ အတည်ပြုပေးခဲ့တာ ဖြစ်ပြီး အာမခံဘုတ်အဖွဲ့၊အီတလီ အားကစားရဲ့ အမြင့်ဆုံး ခုံရုံးတို့ကနေ နာပိုလီရဲ့ အယူခံကို လက်ခံပြီး ပွဲကို ပြန်လည်ကစားစေခဲ့တာပါ။

ဒါကြောင့် အင်္ဂနေ့က တရားစီရင်ချက်အရ နာပိုလီအသင်းက ၁၂ပွဲကစားအပြီး ၂၄မှတ် ဂျူဗင်တပ်အသင်းကတော့ ယနေ့ မနက်က ဖီအိုနဲ့ ကစားခဲ့လို့ ၁၃ပွဲကစားအပြီး ၂၄မှတ် အသီးသီးရှိနေပါတယ်။

မူလကတော့ ဂျူဗင်တပ်အသင်းဟာ ရမှတ် ၂၇မှတ်နဲ့ အဆင့် ၃နေရာမှာ ရှိနေပြီး ၁၀ကြိမ်ဆက်တိုက် စီးရီးအေ ဆုဖလားအတွက် အကောင်းဆုံး ရင်ဆိုင်နေနိုင်ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာတော့ နာပိုလီအသင်းရော ဂျူဗင်တပ်အသင်းပါ ချက်ခြင်း ဆိုသလို တုံ့ပြန်ပြောဆိုတာမျိုး တစ်စုံတရာ မရှိသေးဘူးလို့လည်း သိရပါတယ်။

ပွဲပျက်ခဲ့တဲ့ ပွဲစဥ်ကတော့ အောက်တိုဘာလ ၄ရက်နေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး နာပိုလီအသင်းရဲ့ ကစားသမား ၂ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့လို့ တူရင်ကို ခရီးထွက်ဖို့ မဖြစ်နိုင်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က