မက်ဆီဟာ ဘာစီလိုနာမှာ ၂၀၀၄ခုနှစ်က စတင်ပါဝင်လာခဲ့သူပါ။

ဘာစီလိုနာအသင်းအတွက် ဂိုးပေါင်း ၆၄၄ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီ ဖြစ်ကာ ကမ္ဘာပေါ်မှာ ကလပ်အသင်း တစ်သင်းတည်းအတွက် ဂိုးအများဆုံး သွင်းယူပေးထားနိုင်သူ ဖြစ်လာပါတယ်။

ဗယ်လာဒိုလစ်နဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဥ်မှာ အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မက်ဆီဟာ ဘရာဇီး ဂန္တဝင် ကစားသမားကြီး ပီလီရဲ့ ဂိုးသွင်းစံချိန်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။



ပီလီဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ဆန်းတို့စ်အသင်းတစ်သင်းတည်းအတွက် ဂိုးပေါင်း ၆၄၃ဂိုးတိတိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီစံချိန်ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ရက်နေ့က ကစားခဲ့တဲ့ လီဗန်တေးနဲ့ပွဲမှာ မက်ဆီက လိုက်မီခဲ့ပြီး ယခုအခါမှာ တော့ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းတစ်သင်းတည်းအတွက် ဂိုးပေါင်း ၆၄၄ဂိုးထိသွင်းယူပေးထားနိုင်ပြီး ကလပ် အသင်းတစ်သင်းတည်းအတွက် ဂိုးအများဆုံး သွင်းယူပေးနိုင်သူ ဖြစ်လာပါပြီ။

ဘရာဇီး ဂန္တဝင်ကြီး ပီလီကတော့သူ့ရဲ့ မွေးရပ်မြေ အသင်းအတွက် ၁၉၅၆ကနေ ၇၄အထိ ၁၉ရာသီ ကစားပေးခဲ့ရာမှာ ၆၄၃ဂိုးတိတိသွင်းယူပေးနိုင်ခဲ့တာပါ။

မက်ဆီကတော့ ၂၀၀၅ခုနှစ်မှာ ဘာစီလိုနာအတွက် ပထမဆုံးသွင်းဂိုးစတင်သွင်းယူပေးနိုင်ခဲ့ပြီး လာလီဂါဆုဖလား ၁၀ကြိမ် ချန်ပီယံလိဂ်ဆုဖလား ၄ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ရာသီအကုန်မှာတော့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါ တယ်။

စာချုပ်သက်တမ်းကို ထပ်မံ မတိုးတော့ဘူးဆိုပါက မက်ဆီဟာ ဘာစီလိုနာအတွက် ၂၀၀၄ခုနှစ်က စတင်ကစားပေး လာခဲ့တာကြောင့် ၁၆နှစ်တိတိ ပါဝင်ကစားပေးနိုင်မှာပါ။

မက်ဆီအနေနဲ့ ပီလီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ မတွေးခဲ့ဘူးပေမယ့် လက်တွေ့မှာ တစ်ကယ်ဖြစ်လာ ခဲ့ပြီ ဖြစ်ပြီး ဒီလိုမျိုး မက်ဆီရဲ့စံချိန်ကို နောက်တစ်ဦးက ကျော်ဖြတ်ဖို့ဆိုရင်တော့ ၁၅နှစ်ဆက်တိုက် ကလပ်အသင်း တစ်သင်းတည်းအတွက် တစ်ရာသီလျှင် ပျမ်းမျှ ၄၃ဂိုးလောက် သွင်းနိုင်မယ့်သူမှ ဖြစ်နိုင်လိမ့် မယ်လို့လည်း ဂယ်ရီလိုင်နီကာက သုံးသပ်ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က