ပေါင်ခြံ ဒဏ်ရာကြောင့် တစ်လခန့် အနားယူနေရသူပါ။

၂၀၁၉ခုနှစ်က ရီးရဲအသင်းကို စတင်ရောက်ရှိချိန်က စတင်ပြီး ဟာဇက်ဟာ ၈ကြိမ်ထက်မနည်းတဲ့ ဒဏ်ရာတွေကို ရရှိ ထားပါတယ်။

တောင်ပံ တိုက်စစ် ကစားသမား အီဒင်ဟာဇက်ကတော့ တစ်လနီးပါးခန့် အနားယူနေခဲ့ရရာမှ အသင်းရဲ့ လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါပြီ။



ဟာဇက်အနေနဲ့ အလာဗက်စ်ကို အံ့အားသင့်ဖွယ် ၂-၁ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပေါင်ခြံ ဒဏ်ရာရရှိခဲ့လို့ အနားယူနေ ခဲ့ရတာပါ။

ချဲလ်ဆီးကနေ ရီးရဲကို ပြောင်းရွှေ့လာတဲ့ ၂၀၁၉ခုနှစ်က စတင်ပြီး ဟာဇက်ဟာအသင်းမှာ ဒဏ်ရာ ၈ခုထက် မနည်း ရရှိထားပြီး မကြာခဏဆိုသလို အနားယူနေရသူပါ။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ဘယ်လ်ဂျီယံ လက်ရွေးစင်ဟာ နည်းပြ ဇီဒန်းရဲ့ ဂရန်နာဒါနဲ့ ကစားမယ့် ၂၄ယောက် စာရင်းမှာ တစ်ဖန် ပြန်လည်ပါဝင်လာခဲ့ပါပြီ။

ဟာဇက်တော့ ရီးရဲအသင်းကို ရောက်ရှိလာသည့်အချိန်ကစပြီး ပွဲပေါင်း ၃၅ပွဲတိတိ လွဲချော်ထားကာ ဒဏ်ရာတစ်ခု ကနေ ပြန်လည်သက်သာလာလို့ ပြန်ကစားနိုင်တိုင်းလည်း ၃ပွဲထက် ကျော်လွန်ပြီး ကစားထားနိုင်ခြင်း မရှိသေး ဘူးလို့လည်းသိထားရပါတယ်။

“အီဒင်အတွက်တော့ စိတ်ရှုပ်စရာပါ၊အရင်က ဘယ်တုန်းကမှ ဒဏ်ရာမကြာခဏရလေ့မရှိပေမယ့်အခုတော့ ကံ မကောင်းဘူးလို့ ဆိုရမှာပါ။သေချာပေါက် အကောင်းဆုံး ခြေစွမ်းတွေနဲ့ ပြန်လာနိုင်မှာပါ၊အနာဂတ်မှာ အသင်းနှင့် အတူ အကောင်းဆုံး မြင်တွေ့နိုင်မှာပါ။”လို့ နည်းပြ ဇီဒန်းကတော့ ဆိုပါတယ်။

ဟာဇက်ပြန်လည်ပါဝင်လာပေမယ့်လည်း အခြား ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ လူကာမိုဒရစ်ကိုတော့ ယခုပွဲမှာ လက်လွှတ်ထားရမယ်လို့ သိရပါတယ်။

မိုဒရစ်ကတော့ ပြီးခဲ့တဲ့ အီဘာနဲ့ ကစားခဲ့တဲ့ပွဲမှာ ကြွက်သား ဒဏ်ရာရသွားလို့ ဂရန်နာဒါနဲ့ပွဲမှာ မပါဝင်နိုင်တာလို့ လည်းသိရပါတယ်။

အခြားကစားသမားတွေဖြစ်ကြတဲ့ အစ္စကိုနဲ့ဗင်နီရှပ်စ်တို့ နှစ်ဦးကိုလည်း ရီးရဲအသင်းအနေနဲ့ ယခုအချိန်မှာ ခြေကျင်းဝတ်ဒဏ်ရာနဲ့ အစာအိမ်အူလမ်းကြောင်းဆိုရာ ဝေဒနာတွေကြောင့် လက်လွှတ်ထားရပါသေးတယ်။

နည်းပြ ဇီဒန်းရဲ့ ရီးရဲအသင်းကတော့ လာလီဂါမှာ ၁၄ပွဲကစား ၂၉မှတ်ရရှိကာ အဆင့် ၂နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက အက်သလက်တီကိုအသင်းကတော့ ၁၃ပွဲကစား ၃၂မှတ်နဲ့ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က