နေအိမ်မှာ နှလုံးဖောက်ပြီး ရုတ်တရက် ကွယ်လွန်ခဲ့တာပါ။

ငယ်စဥ်က အောင်မြင်ကျော်ကြားခဲ့တဲ့အချိန်မှာ မူးယစ်ဆေးနဲ့ အရက်ကို အလွန်အကျွံ မှီဝဲခဲ့တဲ့ ဒဏ်တွေကြောင့် မကွယ်လွန်ခင်အထိ အရက်စွဲ ဝေဒနာကို ဆေးကုသမှု ခံယူနေရသူလို့လည်း သိရပါသေးတယ်။

ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ အာဂျင်တီးနား ဂန္တဝင်ကစားသမားကြီး မာရာဒိုနာအနေနဲ့ မသေဆုံးခင်မှာ အရက်သေစာ သောက်စားထားခြင်းနဲ့ မူးယစ်ဆေး သုံးစွဲခဲ့ခြင်း မရှိဘူးလို့ ရင်ခွဲရုံ ဆရာဝန်က အတည်ပြု ထုတ်ပြန် ပေးလာပါတယ်။



၁၉၈၆ခုနှစ် ကမ္ဘာ့ဖလား ဆုရှင်ဟာ လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့က နေအိမ်မှာပဲ ရုတ်တရက် နှလုံးဖောက်ပြီး ကွယ်လွန်ခဲ့တာပါ။

မာရာဒိုနာအနေအနေနဲ့ ကျောက်ကပ်၊နှလုံးနဲ့ အဆုပ်မှာ ပြဿနာ ရှိနေခဲ့ပြီး ယခုလို ရုတ်တရက် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီးတော့ မသေချင်က ကျန်းမာရေး ‌စောင့်ရှောက်မှုတွေအပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့လည်း အမိန့် ထုတ်ထားပါတယ်။

နိုဝင်ဘာလ အစောပိုင်းတုန်းကမှ မာရာဒိုနာဟာ ဦးနှောက်ခွဲစိတ်ကုသမှု ခံယူခဲ့ရသေးပြီး အောင်မြင်စွာ ခွဲစိတ် နိုင်ခဲ့ပါတယ်။

ငယ်စဥ်က အောင်မြင်ကျော်ကြားခဲ့တဲ့အချိန်မှာ မူးယစ်ဆေးနဲ့ အရက်ကို အလွန်အကျွံ မှီဝဲခဲ့တဲ့ ဒဏ်တွေကြောင့် မကွယ်လွန်ခင်အထိ အရက်စွဲ ဝေဒနာကို ဆေးကုသမှု ခံယူနေရသူလို့လည်း သိရပါသေးတယ်။

ကွယ်လွန်ချိန်မှာတော့ အသက် ၆၀သာ ရှိသေးတဲ့ မာရာဒိုနာဟာ အာဂျင်တီးနားတစ်နိုင်ငံလုံးအတွက်တော့ ကြီး မားတဲ့ ဆုံးရှုံးမှု တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က