ရီးရဲဂိုးသမားဟောင်းကြီး ကာဆီးလက်စ်က ၁၇ပုလင်း လက်ဆောင်ရခဲ့ပါတယ်။

ဘီယာပုလင်း ၆၄၄ပုလင်းကို သီးသန့် အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့ပြီး မက်ဆီရဲ့ဂိုးသွင်းခြင်း ခံခဲ့ရတဲ့ ဂိုးသမားကြီး တွေကို လက်ဆောင်ပေးပို့ခဲ့တာပါ။

ဘာစီလိုနာအသင်းမှာ မက်ဆီသွင်းယူထားတဲ့ သွင်းဂိုး ၆၄၄ဂိုးပြည့်‌မြောက်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာကျော် ဘီယာ ကုမ္ပဏီကြီး ဘက်ဝှိုက်ဇာက သီးသန့် ဘီယာပုလင်း ၆၄၄ပုလင်းကို ထုတ်လုပ်ဂုဏ်ပြုခဲ့ပါတယ်။



ထူးခြားမှုအနေနဲ့ ဘီယာပုလင်း ၆၄၄ပုလင်းသာ ထုတ်လုပ်တာဖြစ်ပြီး ပုလင်းတိုင်းမှာ နံပါတ် တစ်မှ နံပါတ် ၆၄၄အထိ ရေတွက်ဖော်ပြထားတာပါ။

ဒီဘီယာ ပုလင်းတွေကိုတော့ ထူးထူးခြားခြားအနေနဲ့ ဘီယာကုမ္ပဏီကြီးက နာမည်ကျော်ဂိုးသမားတွေကို လက်ဆောင် အဖြစ် ပေးပို့ခဲ့ပါတယ်။

လက်ဆောင်ရရှိသူတွေဟာ ဘီယာပုလင်း တစ်ပုလင်းအထက် ရရှိကြပြီး ဘူဖွန်၊အော့ဘလက်ခ်စတဲ့ ဂိုးသမားကြီး တွေကို ပေးပို့ခဲ့ပါတယ်။

ဒီအထဲမှာမှ မက်ဆီရဲ့ ဂိုးသွင်းမှုကို အများဆုံး ခံခဲ့ရတဲ့သူဖြစ်တဲ့ ဗလင်စီယာ ဂိုးသမားဟောင်းကြီး ဒီယေဂို အဲလ်ဗက်စ်က ၁၉လုံးနဲ့ အများဆုံး ရရှိခဲ့သလို ရီးရဲဂိုးသမားဟောင်းကြီး ကာဆီးလက်စ်ကလည်း ၁၇လုံးရရှိခဲ့တယ် လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဗယ်လာဒိုလစ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဥ်မှာ မက်ဆီဟာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာ အသင်းအတွက် ၆၄၄ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားနိုင်သူ ဖြစ်လာပါတယ်။

ဒါ့အပြင် ကစားသမားဘဝ တစ်လျှောက်မှာလည်း ပွဲပေါင်း ၈၉၁ပွဲကစားအပြီး ၇၁၅ဂိုးအထိသွင်းယူထားနိုင်ပြီ ဖြစ် ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က