ဂွာဒီယိုလာ နဲ့ အန်းနရစ်တို့ကို ချီးကျူးခဲ့တာပါ။

အဆိုပါ နည်းပြနှစ်ဦးနဲ့ တွေ့ဆုံခဲ့ရတာက သူ့အတွက် ကံကောင်းမှုတစ်ခုဖြစ်တယ်လို့လည်း မက်ဆီက ဆိုခဲ့ပြီး ဘာစီလိုနာရဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အောင်မြင်မှုတွေမှာ အဓိကအရေးပါသူတွေကို ချီးကျူးခဲ့တာဖြစ်ပါတယ်။ 


ပက်ဂွာဒီယိုလာ နဲ့ လူးဝစ္စအန်းနရစ်တို့ဟာ သူနဲ့အတူ အလုပ်တွဲလုပ်ခဲ့တဲ့ ဘာစီလိုနာနည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြတွေဖြစ်တယ်လို့ မက်ဆီက ပြောဆိုလိုက်ပါတယ်။ အဆိုပါ နည်းပြနှစ်ဦးနဲ့ တွေ့ဆုံခဲ့ရတာက သူ့အတွက် ကံကောင်းမှုတစ်ခုဖြစ်တယ်လို့လည်း မက်ဆီက ဆိုခဲ့ပြီး ဘာစီလိုနာရဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အောင်မြင်မှုတွေမှာ အဓိကအရေးပါသူတွေကို ချီးကျူးခဲ့တာဖြစ်ပါတယ်။ 



နည်းစနစ်မာစတာနှစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ ဂွာဒီိယိုလာ နဲ့ အန်းနရစ်တို့ဟာ ၂၀၀၈ ကနေ ၂၀၁၇ အထိ ဘာစီလိုနာကို ကိုင်တွယ်ခဲ့ကြပြီး ဆုဖလားအများအပြားဆွတ်ခူးနိုင်ခဲ့ကပါတယ်။ ဂွာဒီယိုလာက ၂၀၀၈ ကနေ ၂၀၁၂ အထိ ကိုင်တွယ်ခဲ့ပြီး အဓိကဆုဖလား ၁၄ လုံးရယူနိုင်ခဲ့ကာ မက်ဆီကိုလည်း သူ့လက်ထက်မှာ အကောင်းဆုံးပုံစံရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

အန်းနရစ်ကတော့ ဘာစီလိုနာကို ၂၀၁၄ ကနေ ၂၀၁၇ အတွင်း ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားအများအပြားရယူပေးခဲ့ပါတယ်။ အင်းနရစ်လက်အောက်မှာ မက်ဆီက လိဂ်ပွဲ ၁၀၅ ပွဲကစားခဲ့ပြီး ၁၀၆ ဂိုးသွင်းယူနိုင်ခဲ့ကာ ၈၄ မိနစ်ကစားပြီးတိုင်း တစ်ဂိုးနှုန်းရရှိခဲ့ပါတယ်။ ဂိုးဖန်တီးမှု ၄၃ ကြိမ်နဲ့ အခွင့်အရေးဖန်တီးမှုပေါင်း ၂၅၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ကစားသမားဘဝတောက်ပခဲ့ပါတယ်။ 

La Sexta နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မက်ဆီက "ပက်မှာ ထူးခြားတဲ့အရာတွေရှိပါတယ်၊ သူက အရာရာကို တစ်မျိုးတစ်ဖုံနဲ့ မြင်စေနိုင်စွမ်းရှိပါတယ်၊ သူ့ရဲ့ ပွဲကြိုပြင်ဆင်မှု၊ ခံစစ်ပိုင်း၊ ဘယ်လိုတိုက်စစ်ဆင်မယ်၊ ဘယ်နေရာမှာကစားရမယ်ဆိုတာကို အတိအကျပြောဆိုပြီး ဘယ်လိုအနိုင်ယူရမလဲဆိုတာကိုပါ နားလည်သူပါ၊ ဂွာဒီယိုလာ၊ အင်းနရစ်တို့နဲ့ အချိန်အများကြီးရှိခဲ့တာ ကံကောင်းခဲ့ပါတယ်၊ အကောင်းဆုံးနှစ်ဦးပါ"

"ကျွန်တော့်ကို အများကြီးတိုးတက်လာအောင် ကူညီပေးခဲ့ပြီး နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်းအရလည်း သင်ကြားပေးခဲ့ပါတယ်" လို့ မက်ဆီက ပြောဆိုခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာကစားသမားဘဝမှာ နည်းပြတွေအဖြစ် ရီကတ်၊ ဂွာဒီယိုလာ၊ ဗီလာနိုဗာ၊ မာတီနို၊ အန်းနရစ်၊ ဗယ်လ်ဗာဒီ၊ ဆက်တီယန်တို့နဲ့ တွေ့ဆုံခဲ့ရပြီး လက်ရှိမှာ နယ်သာလန်သားနည်းပြရော်နယ်ကိုးမန်းနဲ့ လက်တွဲနေရတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က