မက်ဆီကို အသာစီးရရှိခဲ့တာလည်းဖြစ်ပါတယ်။
Pyae Phyo Thein

ရော်နယ်ဒိုက ရာစုနှစ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး မက်ဆီက ဒုတိယနေရာမှာရှိခဲ့ကာ အီဂျစ်တိုက်စစ်မှူးဆာလာက တတိယနေရာမှာရှိနေခဲ့ပါတယ်။ 


ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ ဒူဘိုင်းမှာ ပြုလုပ်ခဲ့တဲ့ Globe Soccer ဆုပေးပွဲမှာ ရာစုနှစ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အသက် ၃၅ နှစ်အရွယ် ဂျူဗင်တပ်စ်တိုက်စစ်မှူးအတွက်တော့ ဂုဏ်ယူဖွယ်ရာဆုတစ်ခုကို ထပ်မံရယူနိုင်ခဲ့တာဖြစ်သလို မက်ဆီကိုလည်း နောက်ထပ်တစ်ကြိမ်နောက်ကောက်ချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 



၂၀၁၀ ခုနှစ်ကစတင်ကာ ပေးအပ်ခဲ့တဲ့ ဒီဆုပေးပွဲကို ဒူဘိုင်းမှာ နှစ်စဉ်ကျင်းပနေခဲ့တာလည်းဖြစ်ပါတယ်။ အာမာနီဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး ညစာစားပွဲနဲ့အတူ ဆုပေးပွဲကိုပါ ကျင်းပခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက ရာစုနှစ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး မက်ဆီက ဒုတိယနေရာမှာရှိခဲ့ကာ အီဂျစ်တိုက်စစ်မှူးဆာလာက တတိယနေရာမှာရှိနေခဲ့ပါတယ်။ 


အငြင်းပွားဖွယ်ရာတွေရှိနေခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုအတိုင်း ရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ရာစုနှစ်ရဲ့အကောင်းဆုံးနည်းပြအဖြစ် ဂွာဒီယိုလာ ရွေးချယ်ခံခဲ့ရပြီး ၂၀၂၀ ခုနှစ်အတွက် တစ်ဦးချင်းအကောင်းဆုံးကစားသမားဆု နဲ့ နည်းပြဆုကိုတော့ ဘိုင်ယန်မြူးနစ်အသင်းက လီဝန်ဒေါစကီးနဲ့ နည်းပြဟန်ဆီဖလစ်တို့ရရှိခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ရာစုနှစ်ရဲ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အကောင်းဆုံးဘောလုံးအေးဂျင့်အဖြစ် ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ကပဲရရှိခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ၉ ကြိ်မ်အထိရရှိမှုဖြစ်ခဲ့ပါတယ်။ ဆုပေးပွဲမတိုင်ခင်ကတည်းက ရော်နယ်ဒိုက သေချာပေါက် ဆုတစ်ခုခုရရှိလိမ့်မယ်လို့ ရေပန်းစားခဲ့တဲ့အတိုင်း ရာစုနှစ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ 


Author


က္က