ရော်နယ်ဒိုကတော့ ယနေ့မှာ ရာစုနှစ်အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အားကစားလောကရဲ့ အခြားသော ထင်ရှားတဲ့ အားကစားသမားတွေနည်းတူ ဘောလုံးလောကရဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် လေးစားမှု အပြည့်ရှိကြောင်း မက်ဆီက ပြောလာတာပါ။

ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်သူ လီယွန်နယ်မက်ဆီက ကာလရှည်ပြိုင်ဖက်တစ်ဦးသဖွယ် ရင်ဆိုင်လာရတဲ့ လက်ရှိ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့ အထင်ကရပုဂ္ဂိုလ် တစ်ဦးပါပဲလို့ ဂုဏ်ပြုချီးကျူးပြောဆိုခဲ့ပါတယ်။



မက်ဆီနဲ့ရော်နယ်ဒို နှစ်ဦးအကြား ဘယ်သူက ကျန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ အကောင်းဆုံးဖြစ်မလဲဆိုတဲ့ မေးခွန်း အပေါ်မှာ မက်ဆီက ပညာသားပါပါနဲ့ ရော်နယ်ဒိုကို လေးစားမှု အပြည့်ရှိကြောင်း ပြောပြလာတာပါ။

မက်ဆီက ရော်နယ်ဒိုအနေနဲ့ အခြား ကမ္ဘာကျော် အားကစားသမားတွေဖြစ်ကြတဲ့ ရာဖေးလ်နာဒယ်၊ရော်ဂျာဖက်ဒါ ရာ၊လီဘရွန်ဂျိမ်းတို့နည်းတူ အားကစားလောကရဲ့ စူပါစတားလို့ တင်စားခဲ့ပါတယ်။

“ကမ္ဘာပေါ်မှာ လေးစားဖွယ်ကောင်းတဲ့ အားကစားနယ်ပယ်အသီးသီးက ကစာသမားတွေ ရှိကြပါတယ်။ အဲ့ဒီ အထဲမှာမှ ရော်နယ်ဒိုဟာလည်း လေးစားဖွယ်ကောင်းပြီး ဘောလုံးလောကရဲ့ အထင်ကရ ပုဂ္ဂိုလ် တစ်ဦးဖြစ်ပါ တယ်။”လို့မက်ဆီက LaSexta သတင်းဌာနကို ပြောပြလာပါတယ်။

အခုလိုမျိုး သူ့အနေနဲ့ ကမ္ဘာပေါ်က အထင်ကရ ပုဂ္ဂိုလ်တွေကို လေးစားမှုအပြည့်ရှိကြောင်း ထုတ်ဖော်ပြောနေ သည့်တိုင်သူ့ကလေးတွေကတော့ သူ့ကို အခြားသူတွေထက်ပိုပြီး လေးစားအားကျမှုရှိကြောင်းလည်း ထုတ်ဖော် ပြောပါသေးတယ်။

ရော်နယ်ဒိုကတော့ Globe soccer ကပေးအပ်တဲ့ ရာစုနှစ်အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သူ လည်း ဖြစ်ပါတယ်။

ဒါ့အပြင် တစ်နှစ်တာအကောင်းဆုံးဆုကိုလည်း ပေးအပ်ခြင်းခံခဲ့ရပေမယ့် လီဝန်ဒေါစကီးသာ ရသင့်ကြောင်းပြော ပြီး ရော်နယ်ဒိုက လွှဲပြောင်းပေးအပ်ခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က