Globe Soccer Awardရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။

ရော်နယ်ဒိုနဲ့မက်ဆီလို ဂန္တဝင်တွေနဲ့ အချိန်တစ်ခုတည်း အတူရှိနေရခြင်းဟာလည်း ပြောမပြနိုင်မယ့် ထူးခြားမှု တစ်ခုဖြစ်သလို အံ့သြဖွယ်ကောင်းတဲ့အရာတစ်ခုလို့လည်း လီဝန်က တင်စားပြောဆိုခဲ့ပါတယ်။

Globe Soccer Award ၂၀၂၀ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဘိုင်ယန်မြူးနစ်အသင်းမှ ပိုလန် တိုက်စစ်မှူး လီဝန်‌ဒေါစကီးက ဆွတ်ခူးရရှိခဲ့ပါတယ်။



တကယ်တော့ ဒီဆုကို ရော်နယ်ဒိုကို ပေးအပ်ဖို့ လုပ်ဆောင်ခဲ့ကြပေမယ့် ရော်နယ်ဒိုနဲ့သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်တို့က လီဝန်သာ ရသင့်တယ်လို့ အတည်ပြုပြီး လွှဲပြောင်းပေးခဲ့တာပါ။

ရော်နယ်ဒိုကိုယ်တိုင်ကလည်း Globe Soccer Awardရဲ့ ရာစုနှစ် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါ တယ်။

“ငယ်စဥ်ကတည်းက ဘောလုံးကွင်းအကြီးကြီးထဲမှာ ပရိသတ်တွေအများကြီးရဲ့ရှေ့မှောက် ဘောလုံးကစားရဖို့နဲ့ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ အိပ်မက်မက်လာခဲ့ရတာပါ။အခုတော့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပြီ။အခုတော့ ကျွန်တော် ဒီကို(ဆုပေးပွဲစင်မြင့်ထက်)ရောက်နေရပါပြီ၊အရမ်းဂုဏ်ယူမိပါတယ်။ကျွန်တော်တို့ မဲပေးရွေးချယ်ပေးခဲ့ ကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။နောက်ပြီး ရော်နယ်ဒို၊မက်ဆီတို့လို ဂန္တဝင် ကစားသမားကြီးတွေ နဲ့အတူ အချိန်တစ်ခုတည်းမှာ အတူရှိနေနိုင်တာ ထူးခြားတဲ့ အရာတစ်ခုပါပဲ။အံ့သြစရာတစ်ခုလို့လည်း ဆိုနိုင်ပါ တယ်။အခုလို ဆုဖလားကိုင်မြှောက်ခွင့်ရတာလည်း အင်မတန်မှ ဂုဏ်ယူမိသလို နောက်နှစ်တွေမှာလည်း ထပ်မံ ရရှိ နိုင်ဖို့ ကြိုးစားရင်း အားလုံးကို ကျေးဇူးတင်ပါတယ်။”လို့ လီဝန်ဒေါစကီးက ပြောခဲ့ပါတယ်။

လီဝန်ဟာ ဥရောပအကောင်းဆုံး ကစားသမားဆု၊ဖီဖာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတွေကိုလည်း ပိုင်ဆိုင်ထားပြီး ယခုအခါ Globe Soccer Awardကိုလည်း ပထမဆုံးအကြိမ် ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

Share

Loading Next Article...
က္က