နေမာရော မက်ဆီပါ နှစ်ဦးစလုံးက အတူပြန်လည် လက်တွဲပြီး ကစားချင်နေကြတာပါ။

လီယွန်နယ်မက်ဆီက ဘာစီလိုနာအသင်းအနေနဲ့ နေမာကို ပြန်ခေါ်မယ်ဆိုတာ ဘယ်လိုမှ မယုံကြည်ဘူးလို့ ထုတ်ဖော်ပြောလာပါတယ်။

၂၀၁၇မှာ ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ပီအက်စ်ဂျီအသင်းထံ ရောင်းချခဲ့တဲ့ နေမာကို ပြန်ခေါ်ဖို့အတွက် ဘာစီ လိုနာမှာ ပိုက်ဆံ လုံလောက်အောင် ရှိမနေတာကိုလည်း မက်ဆီက သိနေပြီးသား ပုံစံမျိုး ဖြစ်နေပါတယ်။



လတ်တလောမှာလည်း ဘရာဇီး တိုက်စစ်မှူးက မက်ဆီနှင့်အတူ ပြန်လည်ပူးပေါင်းပြီး ကစားချင်သေးတယ်လို့ ထုတ်ဖော်ပြောထားပေမယ့် ဘယ်မှာ ပူးပေါင်းမှာလဲဆိုတာကလည်း မသေချာသေးပါဘူး။

LaSextaနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာတော့ ဘာစီလိုနာအနေနဲ့ နေမာကို ပြန်ခေါ်ဖို့ ပိုက်ဆံ လုံလုံလောက် လောက်ရှိမနေဘူးလို့ မက်ဆီက ထုတ်ဖော်ပြောခဲ့ပါတယ်။

“အပြောင်းအရွှေ့အတွက် ဘယ်လိုပေးမှာလဲ၊ဥက္ကဌသစ်အတွက် အရမ်းခက်ခဲတဲ့ အခြေအနေတစ်ခု ဖန်တီးထား သလိုပါပဲ။သူ့အနေနဲ့ အရာအားလုံး စနစ်တကျ စီမံခန့်ခွဲနိုင်မယ့် ထက်မြက်တဲ့သူ ဖြစ်ရပါမယ်။လက်ရှိ အနေအ ထားအရ ကစားသမားကို ပြန်ခေါ်ဖို့ ငွေလိုပါတယ်။ဒါပေမယ့် ငွေမရှိပါဘူး၊ဆုဖလားတွေအတွက် ကစားသမား သစ်တွေ ခေါ်ဖို့ငွေက အဓိက လိုအပ်နေပြီး မရှိပါဘူး။”လို့ မက်ဆီက မေးခွန်းထုတ် ဖြေကြားခဲ့ပါတယ်။

နေမာကိုယ်တိုင်ကလည်း မက်ဆီနဲ့ အတူ တွဲကစားချင်သလို မက်ဆီကိုယ်တိုင်ကလည်း နေမာနဲ့ ပြန်လည်ပူးပေါင်း ကစားချင်နေပါတယ်။ ဆက်လက်ပြီးတော့ နေမာနဲ့ သူနဲ့ကြားက ဆက်ဆံရေးကိုလည်း မက်ဆီက ပြောခဲ့ပါသေးတယ်။

“ကျွန်တော်တို့ နှစ်ယောက်ကြား ဆက်ဆံရေး ကောင်းပါတယ်၊ဘာပြဿနာမှလည်း မတက်ဖူးပါဘူး။ခရီးတွေ သွားတဲ့အခါတွေနဲ့ အဝတ်လဲခန်းအတွင်းမှာ ရံဖန်ရံခါ အတူတူ သောက်ဖြစ်ကြပါတယ်။ဘာမှ ပြဿနာ မရှိပါဘူး။” လို့ မက်ဆီက ပြောပါသေးတယ်။

အမျိုးမျိုး ထွက်ပေါ်နေတဲ့သတင်းအရ မက်ဆီရဲ့ မေးခွန်းဟာ နေမာ မလာနိုင်ရင် သူသွားနိုင်တယ်ဆိုတာကို တစ်ဖက်လှည့်နဲ့ ပြောနေသလိုပဲလို့ ယူဆနေကြပါတယ်။

အကြောင်းကတော့ မက်ဆီနဲ့ ဘာစီလိုနာရဲ့ စာချုပ်ဟာ အခုနှစ်ရာသီကုန်ဆုံးရင် ပြည့်မှာ ဖြစ်ပြီး စာချုပ်ပါ သဘောတူညီချက်အရ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှစတင်ကာ စပိန်မဟုတ်တဲ့ အခြားသော ကလပ်အသင်း တစ်သင်းသင်းနဲ့ စာချုပ်သစ်အတွက် ပြေဆို ညှိနှိုင်းခွင့်လည်း တရားဝင် ရှိထားပါပြီ။

မက်ဆီကို ခေါ်ယူဖို့အတွက်လည်း အင်္ဂလန်ထိပ်သီး မန်စီးတီးနဲ့အပြိုင် နေမာရဲ့ ပီအက်စ်ဂျီအသင်းက ယှဥ်ပြိုင် နေလျက်ရှိတာကြောင့် မက်ဆီရဲ့ ဆန္ဒအလေးသာမှုက အက္ခရာကျနေမှာပါ။

အခြားတစ်ဖက်မှာလည်း မန်စီးတီးက မက်ဆီရဲ့ ဆရာဟောင်းပတ်ဂွါဒီယိုလာနဲ့ မြှူသလို ပီအက်စ်ဂျီကလည်း နေ မာနဲ့ မြှူနေမှုမှာ ဘယ်သူက အမြှူပိုကောင်းသွားမလဲဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က