အီဘာကို အိမ်ကွင်းမှာ သရေသာ ကစားနိုင်ခဲ့တာပါ။

လာလီဂါ ပွဲစဥ် ၁၄ပွဲမှာ ၆ပွဲသာနိုင်ထားပြီး အဆင့် ၆နေရာမှာ ရပ်တည်နေကာ ထိပ်ဆုံးက အက်သလက်ထက် လည်း တစ်ပွဲပိုကစားထားပြီး ၁၀မှတ်ထိ လျော့နည်းနေတာပါ။

အီဘာကို အိမ်ကွင်းမှာ သရေသာ ကစားနိုင်ခဲ့အပြီးမှာတော့ လာလီဂါဆုဖလားအတွက် အင်မတန်မှ ခက်ခဲသွားပြီ လို့ ဘာစီလိုနာ နည်းပြ ကိုးလ်မန်းက ဝန်ခံပြောခဲ့ပါတယ်။



သရေရလဒ်ကြောင့်လည်း ဘာစီလိုနာအသင်းဟာ လာလီဂါ အမှတ်ပေးဇယား အဆင့် ၆မှာ ရပ်တည်နေပြီး ထိပ် ဆုံးက အက်သလက်တီကိုမက်ဒရစ်အသင်းအောက် တစ်ပွဲပိုကစားပြီး ၁၀မှတ်လျော့နည်းနေပါတယ်။

နည်းပြ ကိုးလ်မန်းလက်ထက်မှာ ဘာစီလိုနာအသင်းဟာ လာလီဂါ ၁၄ပွဲကစားအပြီး ၆ပွဲသာအနိုင်ကစားထားနိုင်ပါ သေးတယ်။

ဒါဟာ ၂၀၀၃ခုနှစ်နောက်ပိုင်း ဘာစီလိုနာအသင်းရဲ့ သမိုင်းမှာ အဆိုးရွားဆုံး ရာသီအစရလဒ်နဲ့ ရင်ဆိုင်နေရတာ လည်း ဖြစ်ပါတယ်။

“ကျွန်တော်က လက်တွေ့သမားပါ၊ဒါကြောင့် အခုချိန်မှာ ချန်ပီယံဖြစ်ဖို့ အရမ်းခက်ခဲသွားပါပြီ။မဖြစ်နိုင်တာ ဘာမှ မရှိပေမယ့် ကွာဟမှုကိုတော့ မေ့ထားလို့ မရပါဘူး။ကျွန်တော့်အတွက် အက်သလက်က အရမ်းကောင်းနေပါ တယ်။ အရမ်းလည်းသန်မာတယ်၊ပေးဂိုးလည်း နည်းတယ်။”လို့ ကိုးလ်မန်းက ထုတ်ဖော်ပြောလာပါတယ်။

အီဘာကို သရေသာ ကစားနိုင်ခဲ့တဲ့ အင်္ဂါညကပွဲမှာတော့ အသင်းရဲ့ အဓိက ကစားသမား မက်ဆီ မပါဝင်ခဲ့ပဲ ပွဲကြည့်စင်ပေါ်မှာသာ ရှိနေခဲ့ပါတယ်။

“မက်ဆီမပါပဲ ပိုကောင်းအောင်ကစားနိုင်တယ်လို့ ပြောလို့မရပါဘူး၊သူက အခြားသူတွေနဲ့ကို မတူတာပါ။ခြုံပြောရ ရင်တော့ ကစားမှုကောင်းပါတယ်၊တစ်ဦးချင်း အမှားလေးတွေကနေ ဒီနေ့မှာ ရမှတ် ၂မှတ်ဆုံးရှုံးခဲ့တာပါ။နိုင်ဖို့ ထိုက်တန်ခဲ့လျက်နဲ့ တစ်ဂိုးတည်းကန်ချက်နဲ့ ဂိုးဝင်သွားတာတော့ မတတ်နိုင်ခဲ့ပါဘူး။”လို့ ကိုးလ်မန်းက ဆက် လက် ဆိုပါသေးတယ်။

ဘာစီလိုနာအသင်းအနေနဲ့ လာမယ့် ၂၀၂၁ခုနှစ် နှစ်သစ်မှာတော့ ဟူစကာအသင်းနဲ့စတင် ပွဲထွက်ကစားရဖို့ ရှိနေ ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က