ဆွီဒင်နဲ့ နော်ဝေနယ်စပ်နားက တောင်တန်းဒေသအတွင်းမှာ ဖြစ်ပါတယ်။

ဇလာတန်ဝယ်ယူခဲ့တဲ့ တောအုပ်ဟာ တောင်တန်းဧရိယာအတွင်းမှာ ပါဝင်နေတဲ့နေရာလို့ သိရပြီး ဆွီဒင်သားကြီးအတွက် နောက်ထပ်ထူးခြားတဲ့ ပိုင်ဆိုင်မှုတစ်ခု တိုးပွားခဲ့တာဖြစ်ပါတယ်။ 


အေစီမီလန်အသင်းရဲ့ ဆွီဒင်တိုက်စစ်မှူးကြီးဇလာတန်ဟာ သူ့ရဲ့မွေးနိုင်ငံ ဆွီဒင်အတွင်းမှာ ယူရိုသုံးသန်းတန်ကြေးရှိတဲ့ တောအုပ်တစ်ခုကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဇလာတန်ဟာ လူသူကင်းဝေးတဲ့ နေရာတစ်ခုမှာ နေထိုင်ပြီး အမြန်ဆုံးပြန်လည်သက်သာလာဖို့အတွက် အားထုတ်နေတာဖြစ်ပြီး အများမတူဘဲ တမူထူးတဲ့ သူ့ရဲ့စရိုက်ကို မြင်တွေ့ခဲ့ရပြန်တာလည်းဖြစ်ပါတယ်။ 

Are လို့ အမည်ရတဲ့ ဧရိယာအတွင်းက တောအုပ်တစ်ခုကို ဝယ်ယူခဲ့တာဖြစ်ပြီး အဆိုပါနေရာဟာ ဆွီဒင်နဲ့ နော်ဝေနယ်စပ်နားမှာရှိတယ်လို့ ဆိုပါတယ်။ ဇလာတန်ဝယ်ယူခဲ့တဲ့ တောအုပ်ဟာ တောင်တန်းဧရိယာအတွင်းမှာ ပါဝင်နေတဲ့နေရာလို့ သိရပြီး ဆွီဒင်သားကြီးအတွက် နောက်ထပ်ထူးခြားတဲ့ ပိုင်ဆိုင်မှုတစ်ခု တိုးပွားခဲ့တာဖြစ်ပါတယ်။ 

ဒဏ်ရာကြောင့် အနားယူကုသနေရတဲ့ကာလအတွင်းမှာလည်း ဇလာတန်ဟာ ငါးမျှားခြင်း၊ အမဲလိုက်ခြင်း အစရှိတဲ့ သူ့ရဲ့ ၀ါသနာကြီးနှစ်ခုကို ပြုလုပ်နေခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့်ပဲ မြို့ကြီးပြကြီးတွေထက် သဘာဝနေရာဝန်းကျင်တွေကို နှစ်သက်တဲ့ ဇလာတန်ဟာ ယူရို ၃သန်းအထိ ပေးချေရခဲ့ပေမယ့် လက်မတွန့်ခဲ့ဘူးလို့ သိရပါတယ်။ 

ဒီတောအုပ်ဟာ အဆိုပါဧရိယာအတွင်းမှာ သူ ပိုင်ဆိုင်တဲ့ လေးခုမြောက်နေရာဖြစ်လာခဲ့တယ်လို့လည်း besoccer.com က ဖော်ပြခဲ့ပါတယ်။ နာမည်ကျော်ကားအမျိုးအစားတွေကို ဝယ်ယူစုဆောင်းရတာလည်း ၀ါသနာပါတဲ့ ဇလာတန်ရဲ့ နောက်ဆုံးဝယ်ယူခဲ့တဲ့ သစ်တောဟာ ၁၀၀၀ ဟက်တာအထိ ကျယ်ဝန်းပြီး သူပိုင်ဆိုင်တဲ့ ဧရိယာအတွင်းမှာ Snow Bike စီးခြင်း၊ အမဲလိုက်ခြင်းနဲ့ ငါးဖမ်းခြင်းတွေကို ခွင့်ပြုပေးထားတယ်လို့လည်း သိရပါတယ်။ 

အသက် ၃၉ နှစ်အရွယ် ဇလာတန်ဟာ အသားတင်ကြွယ်ဝချမ်းသာမှု ဒေါ်လာ သန်း ၁၉၀ အထိ ရှိတယ်လို့ သိရပြီး အမေရိကန်မှာလည်း ဇိမ်ခံစံအိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်သေးပြီး မွေးရပ်မြေမယ်လ်မိုမှာလည်း နေအိမ်တစ်လုံးရှိသေးတယ်လို့ ဆိုပါတယ်။ 



က္က