လက်ရှိမှာ ရော်နယ်ဒိုက အသက် ၃၅ နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်းမှာ စံချိန်သစ်တွေတင်နိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ သူ့အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ ကြံ့ခိုင်မှု၊ ခြေစွမ်းတွေကို ပြသနေခဲ့ပြီး လာမယ့်နှစ်သစ်မှာလည်း အဆိုပါပုံစံကောင်းကို ထိန်းသိမ်းဖို့ မျှော်လင့်နေပါတယ်။ 


ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးရော်နယ်ဒိုက အသက်အရွယ်က သူ့အတွက် အရေးမပါကြောင်းနဲ့ နောက်ထပ်နှစ်ပေါင်းများစွာ ဘောလုံးဆက်ကစားချင်သေးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ရော်နယ်ဒိုက ပြောဆိုခဲ့တာဖြစ်ပြီး သူကိုယ်တိုင်လည်း အကောင်းဆုံးပုံစံမှာရှိနေသေးတယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။

လာမယ့်ဖေဖော်ဝါရီလမှာ အသက် ၃၁ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုက ဒီရာသီမှာ ဂျူဗီအတွက် စီးရီးအေ ၁ဝပွဲသာကစားထားရပေမယ့် ၁၂ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ စံချိန်သစ်တွေတင်နိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ သူ့အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ ကြံ့ခိုင်မှု၊ ခြေစွမ်းတွေကို ပြသနေခဲ့ပြီး လာမယ့်နှစ်သစ်မှာလည်း အဆိုပါပုံစံကောင်းကို ထိန်းသိမ်းဖို့ မျှော်လင့်နေပါတယ်။ 

"အသက်အရွယ်က အရေးမကြိးပါဘူး၊ စိ်တ်ဓာတ်ပိုင်းပြင်းပြနေမှုကသာ အရေးကြီးတာပါ၊ မနက်ဖြန်မှာ ဘာဖြစ်လာမလဲဆိုတာကို ခင်ဗျားမသိနိုင်ပါဘူး၊ ကျွန်တော်ကတော့ လက်ရှိအချိန်ကာလအတွင်းမှာပဲ နေထိုင်ပါတယ်၊ လက်ရှိကတော့ ကျွန်တော့်အတွက် ကောင်းမွန်နေပါတယ်၊ ကျွန်တော်ပျော်လည်းပျော်ရွှင်နေပါတယ်၊ ပုံစံကောင်းမှာရှိတယ်လို့ ခံစားရပြီး ကျွန်တော့်ဘဝရဲ့ အခိုက်အတန့်ကောင်းတစ်ခုပါပဲ"

"ကျွန်တော် နောက်ထပ်နှစ်ပေါင်းများစွာ ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်၊ ဒါပေမယ့် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး" လို့ ရော်နယ်ဒိုက ပြောခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကာတာမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ်တူဂီအသင်းနဲ့ ပါဝင်ကစားဖို့ မျှော်လင့်နေပြီး အဆိုပါအချိန်မှာဆိုရင် သူ့အသက်က ၃၇ နှစ်အရွယ်ရှိနေမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွင်းပိတ်ကစားနေရတဲ့အပေါ်မှာလည်း ရော်နယ်ဒိုက "ဘောလုံးကွင်းတွေထဲမှာ ပရိသတ်တွေမရှိဘဲ ကျွန်တော်မကစားချင်ပါဘူး၊ အဲဒါက ဆပ်ကပ်ပွဲသွားနေရသလိုဖြစ်နေပြီး လူပြက်တွေကိုတော့ ကျွန်တော်တို့ မတွေ့ရပါဘူး၊ ကပ်ရောဂါက လူတွေကို ရူးသွပ်စေခဲ့ပါတယ်၊ မကြာခင်တော့ ကွင်းတွေကို ပြန်ဖွင့်ကစားစေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်" လို့ ထပ်ပြောခဲ့ပါတယ်။ 



က္က