အသင်းကို အကျိုးအများကြီးပြုနိုင်ခဲ့သူလို့ အမွှမ်းတင်ခဲ့ပါတယ်။
Pyae Phyo Thein

ဇလာတန်ဟာ ဒီရာသီမှာလည်း အသင်းအတွက် ၆ ပွဲသာကစားပေးထားပေမယ့် ၁၀ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး လက်ရှိမှတော့ ဒဏ်ရာကြာင့် အနားယူနေရပါတယ်။ 



ပြီးခဲ့တဲ့နှစ်မှာ အေစီမီလန်ကို ဇလာတန်ပြန်လည်ရောက်ရှိလာခဲ့မှုက အသင်းကို အကျိုးအများကြီးဖြစ်ထွန်းစေခဲ့တယ်လို့ အေစီမီလန်နည်းပြပီအိုလီက ပြောဆိုလိုက်ပါတယ်။ ဆွီဒင်လက်ရွေးစင်ဟောင်းဟာ ဆန်စီရိုကို ပြန်လည်ရာက်ရှိခဲ့တဲ့နောက်မှာ အသင်းအတွက် ၂၀၂၀ အတွင်း စီးရီးအေ ၂၄ ပွဲကစးပေးခဲ့ပြီး ဂိုး ၂၀ သွင်းယူကာ ၆ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 

ဒီအတွက်ကြောင့် ၂၀၂၀ အတွင်း စီးရီးအေမှာ သူ့ထက်ပိုပြီး ဂိုးသွင်းနိုင်သူအဖြစ် လာဇီယိုတိုက်စစ်မှူးအီမိုဘီလီက ၃၄ ဂိုး၊ ရော်နယ်ဒိုက ၃၈ ဂိုးနဲ့သာ ရှိနေခဲ့ပါတယ်။ နတ်ဘုရားကြီးလို့ ကိုယ့်ကိုကိုယ်ဂုဏ်တင်ပြောလေ့ရှိတဲ့ ဇလာတန်ဟာ ဒီရာသီမှာလည်း အသင်းအတွက် ၆ ပွဲသာကစားပေးထားပေမယ့် ၁၀ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး လက်ရှိမှတော့ ဒဏ်ရာကြာင့် အနားယူနေရပါတယ်။ 

စီးရီးအေ ပထမဆုံး ၈ ပွဲမှာ အနည်းဆုံး ၁၀ ဂိုးအထိ သွင်းယူနိုင်တဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဇလာတန်ကို နည်းပြပီအိုလီက "သူ ရောက်လာခဲ့ချိန်က နူးညံ့သိမ်မွေ့တဲ့ အခိုက်အတန့်တစ်ခုပါပဲ၊ အသင်းအတွက် အရမ်းကို အထောက်အကူပြုနိုင်တဲ့ အဖိုးတန်ကစားသမားဆိုတာကို သိခဲ့ရပါတယ်"

"အသင်းမှာမရှိသေးတဲ့ စွမ်းအားတွေကို သူက အံ့အားသင့်ဖွယ်ရာပေးခဲဲ့ပါတယ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကတော့ ကျွန်တော်တို့ကို အရင်က အတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အခုတော့ ဘီနီဗန်တိုနဲ့ ကစားရမယ့် ပွဲကိုပဲ အရင်ဆုံးကြည့်ရအောင်" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ 

"သူလည်း ပြန်ကစားနိုင်ဖို့ မစောင့်ဆိုင်းနိုင်အောင်ဖြစ်နေပါတယ်၊ သူ အမြန်ဆုံးပြန်လာနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်" လို့ ပီအိုလီက ထပ်ပြောခဲ့ပါတယ်။ အေစီကတော့ ဇလာတန်မပါဝင်နိုင်ချိန်မှာ ခြောက်ပွဲအနိုင်ရခဲ့ပြီး ၂ပွဲသရေကျခဲ့ကာ ရှုံးပွဲမရှိခဲ့ဘဲ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။ 


Author


က္က